EPL: မန်ယူနှင့် ပွဲဦးထွက်တွင် နည်းပြသစ် မော်ရင်ဟို နိုင်ပွဲရ

, updated

မန်ယူအသင်း ခေါ်ယူထားတဲ့ကစားသမားသစ်တွေကိုလည်း ပွဲထုတ်ခဲ့ပါတယ်။

play

 

မန်ယူနည်းပြသစ် မော်ရင်ဟိုက အသင်းနဲ့ ထပမဆုံး ပွဲဦးထွက်ခြေစမ်းပွဲမှာ ဝီဂန်အသင်းကို နှစ်ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။ ကာလကြာရှည် ဒဏ်ရာရနေခဲ့တဲ့ လုခ်ရှောလည်း ဒီခြေစမ်းပွဲမှာ ပြန်လည်ပါဝင်ခဲ့တာတွေ့ရပါတယ်။

play

 

မန်ယူအသင်းက အသစ်ခေါ်ယူထားတဲ့ ဒေါ့မွန်ကစားသမား အမ်ခီတာရန်လည်း ဒီပွဲမှာ ပါဝင်ခဲ့သလို နောက်ခံလူ အဲရစ်ဘေလီလည်း ပါဝင်လာခဲ့ပါတယ်။ မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပီရဲယားနဲ့ ဝီလ်ကိန်းတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

ပထမပိုင်းမှာ မန်ယူအသင်း တိုက်စစ်အကောင်းဆုံး ဖြစ်အောင် ဝီဂန်ဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကစားသမား ၇ ဦးအထိ လူစားခဲ့တာတွေ့ရပါတယ်။

play

 

ဒုတိယပိုင်း ၄၉ မိနစ်မှာ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ဝီလ်ကိန်းက ဂိုးဧရိယာထဲကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၉ မိနစ်အကြာမှာ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

အက်ရှ်လေယန်းရဲ့ ပြစ်ဒဏ်ဘောကတစ်ဆင့် ရောက်လာတဲ့ ဘောလုံးကို ပီရဲယားက သွင်းယူခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုအတွက် မန်ယူအသင်းနည်းပြဘဝ ပထမဆုံး ပွဲဦးထွက်မှာ ရလဒ်ကောင်းခဲ့ပါတယ်။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ