EPL: လက်စတာ ကစားသမား ကန်တေ ချယ်လ်ဆီး ရောက်ရှိ

လက်စတာအသင်းအတွက် ကစားသမားရောင်းချခြင်းကနေ စံချိန်တင် ဝင်ငွေရရှိခဲ့ပါတယ်။

 

လက်စတာအသင်း ကွင်းလယ်ခံစစ်ကစားသမား ကန်တေကို ချယ်လ်ဆီးအသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ောကာင်း သိရပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ သတင်းတွေ ထွက်ခဲ့တဲ့အတိုင်း ပေါင်သန်း ၃၀ လောက်ရှိမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ရာသီမှာလက်စတာအသင်းထံက ကန်းအသင်းထံက ပေါင် ၆ သန်းနဲ့ ရောက်ရှိလာတဲ့ ကန်တေဟာ အသင်းအတွက် ပွဲပေါင်း ၄၀ လောက်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ကန်တေဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းနဲ့အတူ ဗိုလ်လုပွဲအထိ ရောက်အောင်စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ " ဥရောပအသင်းကြီးတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စာချုပ်ချုပ်ခွင့်ရလို့ ကျွန်တော်အရမ်းပျော်ပါတယ်" လို့ ကန်တေက ပြောပါတယ်။ ။

 

လက်စတာအသင်းအနေနဲ့ ကန်တေရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ လောက် ချယ်လ်ဆီးထံက ရမှာဖြစ်လို့ ကလပ်အသင်းရဲ့ စံချိန်တင်ဝင်ငွေလည်း ဖြစ်လာမှာပါ။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းက မာဆေးလ်ကစားသမား ဘက်ရှုရီကိုခေါ်ယူခဲ့ပြီးဖြစ်လို့ ကန်တေက ကွန်တီလက်ထက် ဒုတိယမြောက်ခေါ်တဲ့ ကစားသမား ဖြစ်လာပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ