EPL: မော်ရင်ဟို နေအိမ်ကို ဖောက်ထွင်းခဲ့သူအား ဖမ်းမိ

, updated

လန်ဒန်က မော်ရင်ဟိုရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန်ယူအသင်းနည်းပြ မော်ရင်ဟိုရဲ့ နေအိမ်ကို ဖောက်ထွင်းသူတစ်ဦး ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်နဲ့ ပေါ်တူဂီအသင်း ကစားခဲ့တဲ့ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲကို မော်ရင်ဟိုက နေအိမ်အတွင်း ကြည့်ရှုအားပေးနေစဉ်မှာ အခုလို့ ဖြစ်ရပ် ကြုံတွေ့ခဲ့ရတာပါ။

play

 

ပေါင် ၂၅ သန်းလောက် တန်ကြေးရှိတဲ့ လန်ဒန်က မော်ရင်ဟိုရဲ့ နေအိမ်ခြံဝန်းအတွင်းက မြေအောက်ခန်းတံခါးကို ဖွင့်ပြီး ဖောက်ထွင်းသူက ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါကို မော်ရင်ဟိုရဲ့ အိမ်ဝန်ထမ်းတစ်ဦးက မြင်တွေ့ခဲ့ရာကစလို့ လက်ရဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားသူကို အချုပ်ထဲမှာ လေးပတ်နေစေဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

play

 

အခုမှ ထွက်လာတဲ့ ဓာတ်ပုံတွေအရ ဖောက်ထွင်းသူကို ရဲတွေက လာရောက်ဖမ်းဆီးနေတုန်း မော်ရင်ဟိုနဲ့ ဇနီးသည်ဖြစ်သူက အိမ်ပြတင်းပေါက်အတွင်းက ကြည့်ရှုနေခဲ့တာကို တွေ့ရပါတယ်။ ဖောက်ထွင်းဝင်ရောက်ခဲ့သူဟာ နေရပ်လိပ်စာ အတည်အကျမရှိတဲ့ အိမ်ခြေရာမဲ့ တစ်ဦးလည်း ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ