EPL: အာဆင်နယ်အသင်း မန်နေဂျာဖြစ်ချင်ဟု အွန်နရီ ဝန်ခံ

, updated

မကြာခင်မှာ အွန်နရီက အာဆင်နယ် လူငယ်အသင်းကို စတင်ကိုင်တွယ်တော့မယ်လို့ ဆိုပါတယ်။

play

 

တစ်နေ့ကျရင် အာဆင်နယ်အသင်းနည်းပြ ဖြစ်လာဖို့ စိတ်ကူးအိပ်မက် မိမိထံမှာ ရှိနေသေးတယ်လို့ အာဆင်နယ်အသင်း ဂန္တဝင်ကစားသမားဟောင်း အွန်နရီက ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူးဟောင်း အွန်နရီက လာမယ့် ရာသီမှာ အာဆင်နယ် ယူ-၁၈ အသင်းနည်းပြဖြစ်လာမယ့် သူလည်း ဖြစ်ပါတယ်။

အာဆင်နယ် လူငယ်အသင်းနည်းပြတာဝန်တွေအပြင် စကိုင်းစပို့တ်မှာလည်း ဘောလုံးပွဲတွေကို ဝေဖန်သုံးသပ်သူအဖြစ် အွန်နရီက အလုပ်လုပ်လျှက်ရှိပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းကို အချိန်ပြည့်အာရုံစိုက်ဖို့အတွက် စကိုင်းစပို့တ်အလုပ်ကို ထွက်လိုက်ဖို့ အသင်းမန်နေဂျာ အာစင်ဝင်းဂါးရဲ့ တိုက်တွန်းခြင်းကို အွန်နရီခံထားရပါတယ်။ အသင်းရဲ့ အနာဂတ်နည်းပြ ဖြစ်လာမယ့်သူလို့ ပရိသတ်တွေ ခန့်မှန်ထားသူဟာလည်း တိုက်စစ်မှူး အွန်နရီဖြစ်ပါတယ်။

play

 

" အာဆင်နယ်နည်းပြ မဖြစ်ချင်ဘူးလို့ ပြောရင်တော့ ကျွန်တော်လိမ်ရာကျမှာပါ။ ကျွန်တော်ဖြစ်ချင်ပါတယ်။ အာဆင်နယ်ဟာ ကျွန်တော့်နှလုံးသာထဲမှာ အမြဲရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော် ဒီအသင်းရဲ့ မန်နေဂျာလုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်" လို့ အွန်နရီက The Sun သတင်းစာကို ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ