EPL: မိမိနည်းစနစ်အတိုင်း မကစားလျှင် ဒုက္ခရောက်မည်ဟု ကစားသမားများကို ကွန်တီသတိပေး

ခြေစမ်းပွဲ ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီး ကစားသမားတွေကို နည်းပြကွန်တီ သတိပေးလိုက်တာပါ။

play

 

ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံး ခြေစမ်းပွဲမှာ သြစတကြီးယားအသင်း ရက်ပစ်ဗီယင်နာကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီး ကစားသမားအချို့ကို နည်းပြကွန်တီက ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကစားသမားတွေအနေနဲ့လည်း သူ့ရဲ့နည်းစနစ်နဲ့ သူ့ကို လေးစားကြဖို့ တောင်းဆိုလိုက်ပါတယ်။

play

 

ခြေစမ်းပွဲစဉ်မှာ ရက်ပစ်ဗီယင်နာအသင်းက ပွဲစပြီး ရှစ်မိနစ်အကြာမှာတင် အဖွင့်ဂိုးစတင် ရရှိသွားတာဖြစ်ပြီး ပွဲပြီးဖို့ ကိုးမိနစ်အလိုမှာလည်း နောက်ထပ် ဒုတိယဂိုး ရခဲ့တာ ဖြစ်ပါတယ်။ " လူတွေအားလုံးအပေါ် ကျွန်တော်သင်ပြပေးဖို့လည်း ဝန်မလေးသလို လေးစားမှုထားဖို့လည်း ဝန်မလေးပါဘူး။ ကျွန်တော်ပြန်လည်ချင်တာလည်း အဲဒါပါပဲ။ ဒီနှစ်ခု မရှိဘူးဆိုရင်တော့ ကစားသမားတွေဟာ အသင်းဒုက္ခဖြစ်မယ့်လမ်းကြောင်းကို ဦးတည်သွားပါလိမ့်မယ်" လို့ ကွန်တီက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

play

 

ချယ်လ်ဆီး ကစားသမားတွေအားလုံး သူ့ရဲ့ အတွေးအခေါ်၊ နည်းစနစ်၊ ဒါတွေကို နားလည်သွားအောင် သူသင်ပြပေးသွားမှာ ဖြစ်တယ်လို့ ကွန်တီက ပြောပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ