EPL: မန်ယူ၏ နတ်ဘုရား ဖြစ်အောင် လုပ်မည်ဟု အီဗရာဟီမိုဗစ်ခ်ျ ကြုံးဝါး

ကန်တိုနာရဲ့ ပြောကြားချက်ကို အီဗရာဟီမိုဗစ်ခ်ျက တုန့်ပြန်လိုက်တာ ပါ။

play

 

မန်ယူအသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာက တိုက်စစ်မှူးသစ်ဇလေတန်အီဗရာဟီမိုဗစ်ခ်ျအပေါ် ချီးကျူးကြိုဆိုတဲ့ စကား ပြောကြားလိုက်တဲ့အပေါ် အီဗရာဟီမိုဗစ်ခ်ျကလည်း ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

play

 

အီဗရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းရလဒ်တွေအတွက် အကျိုးကြီးမားတဲ့ သက်ရောက်မှု တစ်ခုဖြစ်လာလိမ့်မယ်လို့ ကန်တိုနာက ချီးကျူးလိုက်ပေမယ့် အီဗရာဟီမိုဗစ်ခ်ျက ဒီစကားကို ပယ်ချလိုက်တာဖြစ်ပါတယ်။ " ကျွန်တော်က မန်ယူအသင်းရဲ့ ဘုရင်ဖြစ်ချင်တာ မဟုတ်ဘူး။ မန်ယူအသင်းရဲ့ နတ်ဘုရားဖြစ်ချင်တာ" လို့ ဇလေတန် အီဗရာဟီမိုဗစ်ခ်ျက ပြောကြားလိုက်တာပါ။  မန်ယူအသင်းမှာ နံပတ် -၇ ဂျာစီကိုဝတ်ပြီးအိမ်ရှေ့မင်းသား ဖြစ်အောင်လုပ်ပါလို့ ကန်တိုနာက ပြောခဲ့တာပါ။

play

 

ကြီးကျယ်တဲ့ စကားလုံးတွေကို သုံးနှုန်းခိုင်းစားပြီး ပြောလေ့ရှိတဲ့ အီဗရာဟီမိုဗစ်ခ်ျက သူ့ရဲ့ထုံးစံအတိုင်း ကစားသမားဟောင်း ကန်တိုနာရဲ့ ချီးကျူးမှုကို ပယ်ချပြီးဒီလိုပြောလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ရှစ်ရက်ကြာလာရောက်မယ် မန်ယူအသင်း ခရီးစဉ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ