EPL: ဘန်တီကီ အပါအဝင် ကစားသမား ခြောက်ဦးကို အသင်းမှထွက်ရန် ဂျာဂန်ကလော့ ဖိအားပေးထား

ရာသီသစ်အတွက် လီဗာပူးက အပြောင်းအလဲတွေနဲ့ ပွဲထွက်လာမယ်လို့ ဂျာဂင်ကလော့က ပြောထားပါတယ်။

play

 

လီဗာပူး တိုက်စစ်မှူး ဘန်တီကီအပါအဝင် ကစားသမား ခြောက်ဦးကို အသင်းနည်းပြ ဂျာဂင်ကလော့က အသင်းကထွက်ခွာဖို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားတွေအနေနဲ့ လီဗာပူးအသင်းက မထွက်ခွာပဲ ဆက်နေဖြစ်မယ်ဆိုရင် ကစားခွင့်ပေးမှာမဟုတ်ဘူးလို့ ဂျာဂင်ကလော့က သတိပေးထားပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီမှာ နည်းပြဂျာဂင်ကလော့က အသင်းကို ၆၃ ပွဲကိုင်တွယ်ပြီး ကစားသမား ၃၉ ဦးအထိ အသုံးပြုခဲ့ပြီးတဲ့နောက် အခုရာသီသစ်မှာ အသင်းကို အပြောင်းအလဲ ပြုလုပ်ချင်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း နည်းပြချုပ်ကို စာချုပ်ထပ်တိုးပြီး ကစားသမားအပြောင်းအရွှေ့မှာ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်လို့ သိရပါတယ်။

play

 

ဘန်တီကီအပါအဝင် လူးကပ်စ်၊ ဘော့ဂ်ဒန်၊ အီလိုရီ၊ ဘာလော့တယ်လီနဲ့ မာကိုဗစ်တို့ကို အသင်းကထွက်ဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။ " အပြောင်းအလဲ တစ်ချို့တော့ ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်မလဲ ကျွန်တော်လည်း အတိအကျ မပြောနိုင်သေးဘူး" လို့ ဂျာဂင်ကလော့က ပြောပါတယ်။ အနည်းဆုံး ကစားသမားသစ် နှစ်ဦးလောက်လည်း အသင်းကို ရောက်လာလိမ့်ဦးမယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ