EPL: နည်းပြမော်ရင်ဟိုက ဖာဂူဆန် လက်သစ် ဖြစ်လာလိမ့်မည်ဟု ဆို

ဖာဂူဆန်လိုမျိုး အသင်းမှာ မှတ်ကျောက်တင်ကျန်ရစ်မယ့် အောင်မြင်မှုကို မော်ရင်ဟို ရလိမ့်မယ်လို့ ဆိုပါတယ်။

play

 

မန်ယူအသင်း နည်းပြသစ် မော်ရင်ဟိုဟာ အသင်းဂန္တဝင်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်နေရာကို ဆက်ခံနိုင်တဲ့ နည်းပြဖြစ်လိမ့်မယ်လို့ ပရီးမီးယားလိဂ်ချန်ပီယံလက်စတာအသင်းနည်းပြ ရေနီယာရီက ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုက နည်းပြဗန်ဟားလ်ရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုဟာ မန်ယူအသင်းအတွက်တော့ ဖာဂူဆန်လက်သစ် ဖြစ်လာနိုင်တယ်လို့ ရေနီယာရီက ပြောခဲ့တာဖြစ်ပါတယ်။ " မန်ယူအသင်းမှာ မော်ရင်ဟို ၂၆ နှစ်တော့ နေဖြစ်ချင်မှာ နေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့မှတ်ကျောက်ကိုတော့ ရအောင် တင်ခဲ့ပါလိမ့်မယ်။ သူဟာ ဖာဂူဆန်လက်သစ် ဖြစ်လာနိုင်သူပါ" လို့ နည်းပြရေနီယာရီက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

play

 

၂၀၀၄ ခုနှစ်တုန်းက ရေနီယာရီ ချယ်လ်ဆီးအသင်းကို နည်းပြလုပ်ပြီးနောက် မော်ရင်ဟိုက အစားထိုး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ လက်စတာဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ကွန်မြူနတီဒိုင်းပြိုင်ပွဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ