EPL: ပေါ့ဂ်ဘာအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူကမ်းလှမ်းသော်လည်း ပယ်ချခံရ

နောက်တစ်ကြိမ် ပြန်ကမ်းလှမ်းဦးမယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းဘက်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းလိုက်မှုကို ဂျူဗင်တပ်အသင်းဘက်က ပယ်ချလိုက်လိုက်ပါတယ်။ မန်ယူအသင်းဘက်က ကမ်းလှမ်းလိုက်တဲ့ ငွေကြေးပမာဏဟာ ပေါင်သန်း ၁၀၀ ရှိတယ်လို့ သိရပါတယ်။

play

 

ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတွက် စုစုပေါင်း ၈၇ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပေါ့ဂါဘာခြေစွမ်းပြနိုင်မှု၊ အသင်းအောင်မြင်မှုအပေါ် မူတည်ကာ နောက်ထပ် ၁၃ သန်းထပ်မံပေးချေမယ်လို့ မန်ယူအသင်းက ဆိုခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်လည်း ပေါ့ဂ်ဘာကိုခေါ်ဖို့ စိတ်ဝင်စားနေသေးတာကြောင့် ဂျူဗင်တပ်က ကမ်းလှမ်းမှုကို လက်မခံသေးပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် မန်ယူအသင်းဘက်က ပေါ့ဂ်ဘာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဦးမှာ ဖြစ်တယ်လို့ အီတလီသတင်းစာတွေဖြစ်တဲ့ Corriere Dello Sports နဲ့  La Gazzetta Dello Sport တို့က ရေးသားဖော်ပြပါတယ်။

play

 

ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း မန်ယူအသင်းကို ပြန်လာဖို့ ဆန္ဒရှိတယ်လို့ ရေးသားကြပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံကို ခြေစမ်းပွဲတွေ ကစားဖို့ မန်ယူအသင်း ရောက်ရှိနေပေမယ့် ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ကို အသင်းဒုဥက္ကဌ ဝုဒ်ဝက်ကိုယ်တိုင် ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ