EPL: ပထမဆုံးပွဲစဉ်မှာ ဂွါဒီယိုလာ ရှုံးပွဲကြုံ

ဂွါဒီယိုလာ ပထမဆုံး ကိုင်တွယ်တဲ့ မန်စီးတီးရဲ့ ခြေစမ်းပွဲစဉ်ကို ပရိသတ် ၆၈,၀၀၀ လာရောက်ကြည့်ရှုခဲ့ပါတယ်။

play


မန်ချက်စတာစီးတီး မန်နေဂျာသစ် ပက်ဂွါဒီယိုလာအတွက် ၎င်းရဲ့ ပထမဆုံးပွဲစဉ်မှာ ရှုံးပွဲကြုံခဲ့ပါတယ်။

play


မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ကလပ်အသင်း ဘိုင်ယန်မြူနစ်နဲ့ ခြေစမ်းပွဲစဉ်မှာ မန်စီးတီးက တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

play


ဂွါဒီယိုလာ ပထမဆုံး ကိုင်တွယ်တဲ့ မန်စီးတီးရဲ့ ခြေစမ်းပွဲစဉ်ကို ပရိသတ် ၆၈,၀၀၀ လာရောက်ကြည့်ရှုခဲ့ပါတယ်။

play

 

ပွဲစဉ်ရဲ့ တစ်လုံးတည်းသော ဂိုးကို ဘိုင်ယန်ကစားသမား အာဒဲလ် အော့ဇ်တာ့ခ်က ၇၆ မိနစ်မှာ သွင်းယူခဲ့ပါတယ်။

play


ခြေစမ်းပွဲစဉ်မှာ နှစ်သင်းလုံးရဲ့ အဓိက ကစားသမား အများစု ပါဝင်ခဲ့ခြင်း မရှိပါဘူး။ အဓိက ကစားသမား အများအပြားက ယူရို ၂၀၁၆ နဲ့ ကိုပါအမေရိက ပြိုင်ပွဲများအပြီး အားလပ်ရက် အနားယူနေကြတာကြောင့် ယခု ခြေစမ်းပွဲစဉ်မှာ မပါဝင်ကြတာလည်း ဖြစ်ပါတယ်။

play


မန်စီးတီးအသင်းနဲ့အတူ ဘိုင်ယန်ကွင်းကို တစ်ကျော့ပြန် ရောက်ရှိမှုက အိမ်ကို ပြန်လာရသလို ခံစားရတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။ ဂွါဒီယိုလာက ဘိုင်ယန်မှ ထွက်ခွာခဲ့ပြီး မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

play


၎င်းရဲ့ ဘိုင်ယန်နည်းပြနေရာကို ကာလို အန်ဆလော့တီက  အစားထိုး တာဝန်ယူခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘိုင်ယန်နည်းပြအဖြစ် သုံးနှစ်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
Source & Photo: Daily Mail, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ