EPL: ပေါ့ဂ်ဘာအတွက် မန်ယူနှင့် ဂျူဗင်တပ် သဘောတူညီချက် ရပြီဟုဆို

ပေါ့ဂ်ဘာနဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီးပြီလို့ သိရပါတယ်။

play

 

ဂျူဗင်တပ် ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ ဂျူဗင်တပ်အသင်းအကြား ပြောင်းရွှေ့ကြေးသဘောတူညီချက် ရရှိသွားပြီလို့ ဗြိတိန်သတင်းတွေက ဖော်ပြလာကြပါတယ်။

play

 

ဒီအပြောင်းအရွှေ့ကို အတည်ပြုနိုင်ဖို့ ခိုင်မာတဲ့ သတင်းတစ်ရပ် မထွက်လာသေးပေမဲ့လည်း ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ကို နှစ်ဖက်အသင်း အတည်ပြုပေးလိမ့်မယ်လို့ ဖော်ပြထားကြပါတယ်။ ပေါ့ဂ်ဘာအတွက် မန်ယူအသင်း ကမ်းလှမ်းခဲ့တဲ့ စုစုပေါင်း ငွေကြေးပမာဏဟာ ပေါင် ၁၀၅ သန်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ ပထမဆုံး ကမ်းလှမ်းမှုကို ဂျူဗင်တပ်အသင်း ငြင်းပယ်ခဲ့တယ်လို့ သတင်းထွက်ပြီး နောက်တစ်နေ့မှာ သဘောတူညီမှု ရသွားပြီလို့ သတင်းတွေက ဖော်ပြလာကြတာပါ။

play

 

ဂျူဗင်တပ်အသင်းနဲ့ နောက်ဆုံးသဘောတူညီမှု မရခင်မှာ ပေါ့ဂ်ဘာနဲ့ မန်ယူအသင်းက ပထမဆုံး ပုဂ္ဂိုလ်ရေးသဘောတူညီချက် ယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါ့ဂ်ဘာကို မန်ယူအသင်းက ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူသွားမယ်လို့ ယူဆရပါတယ်။ အပြောင်းအရွှေ့ တရားဝင် ဖြစ်လာခဲ့မယ် ဆိုရင် ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့ကိုကျော်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား ဖြစ်လာမှာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ