EPL: မိုရာတာကို ချယ်လ်ဆီး နှစ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံထားရ

, updated

ရီးရဲလ်မက်ဒရစ်ကတော့ မိုရာတာကို ဒီဈေးနှုန်းနဲ့ လက်လွှတ်ဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူး မိုရာတာကို ချယ်လ်ဆီးအသင်းက ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ဘက်က ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်အတွက် ကစားခဲ့တဲ့ မိုရာတာက ရီးရဲလ်မက်ဒရစ်ကို ပေါင် ၂၃ သန်းခန့်နဲ့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

play

 

ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရလို့ ဒုတိယအကြိမ် ပေါင်သန်း ၆၀ ကျော်နဲ့ ထပ်မံ ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် မိုရာတာကို ရောင်းချဖို့ ရီးရဲလ်မက်ဒရစ်ဘက်က ငြင်းဆန်နေဆဲဖြစ်ပါတယ်။ ယခင် ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ မိုရာတာကို ရီးရဲလ်က ဂျူဗင်တပ်ထံ ရောင်းချခဲ့ပေမဲ့ ပေါင် ၂၃ သန်းနဲ့ ပြန်လည်ခေါ်ယူနိုင်တဲ့ သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆို ထားခဲ့တာပါ။ ဒါကြောင့် မိုရာတာကို ရီးရဲလ်က အလွယ်တကူ ပြန်ခေါ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

တိုက်စစ်မှူးသစ် တစ်ဦးဆက်လက်ရှာဖွေနေတဲ့ချယ်လ်ဆီးက လက်ရှိအဲဗာတန်တိုက်စစ်မှူး လူကာကူကိုလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ လူကာကူကို စပါးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ