EPL: အာဆင်နယ်နှင့် ဆွေးနွေးရန် တိုက်စစ်မှူး အီကာဒီ၏ အေးဂျင့်ဖြစ်သူ လန်ဒန်ရောက်နေ

, updated

အီကာဒီရဲ့ အေးဂျင့်က သူ့ရဲ့ဇနီးသည် ကိုယ်တိုင် ဖြစ်နေပါတယ်။

play

 

အာဆင်နယ်အသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်တာမီလန်တိုက်စစ်မှူးရဲ့ အေးဂျင့်ဖြစ်သူဟာ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ လန်ဒန်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တိုက်စစ်မှူး အီကာဒီရဲ့ အေးဂျင့်ဟာ အခြားသူမဟုတ်ဘဲ  သူ့ရဲ့ဇနီးသည်ကိုယ်တိုင် ဖြစ်နေပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ ကစားသမားက သူ့ရဲ့မန်နေဂျာအဖြစ် သူ့ရဲ့ဇနီးသည်ကိုသာ တာဝန်ယူစေတာဖြစ်ပါတယ်။ ဒီရာသီမှာ အီကာဒီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာ အာဆင်နယ်တစ်သင်းတည်းတော့ မဟုတ်ပါဘူး။

play

 

စီးရီးအေပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ နာပိုလီတို့ကလည်း အီကာဒီကို ခေါ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်အသင်းအတွက် ၃၄ ပွဲကစားပြီး ၁၆ ဂိုးသွင်းပေးခဲ့တဲ့ အီကာဒီက အာဆင်နယ်ကို မပြောင်းဖြစ်ခဲ့ရင်တောင် အသင်းကထွက်ဖို့ ရေပန်းစားနေသူ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ