မန်ယူအသင်းနဲ့အတူ ခြေစမ်းပွဲစဉ်တွေကစားဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နည်းပြမော်ရင်ဟိုက ချယ်လ်ဆီးအသင်းပေါ်မှာ အမှတ်တရ လက်မှတ်ထိုးပေးဖို့ ငြင်းဆန်လိုက်ပါတယ်။ တန်းစီစောင့်ဆိုင်းနေတဲ့ ပရိသတ်တွေထဲက ချယ်လ်ဆီးပရိသတ်တစ်ဦးဟာ အသင်းအင်္ကျီပေါ်မှာ အမှတ်တရ လက်မှတ်ထိုးပေးဖို့ စောင့်နေခဲ့တာပါ။ ဒါပေမယ့် မန်ယူအသင်းဝတ်စုံ ကိုင်ထားတဲ့ ပရိသတ်တွေကိုသာ မော်ရင်ဟိုက လက်မှတ်ထိုးပေးခဲ့ပြီး ချယ်လ်ဆီးဝတ်စုံပေါ်မှာတော့ လက်မှတ်မထိုးပေးခဲ့ပါဘူး။
မန်ယူအသင်း လေ့ကျင့်ရေးဆင်းနေတဲ့ ရှန်ဟိုင်းဘောလုံးကွင်းအတွင်းမှာ ပရိသတ်တွေက မော်ရင်ဟိုရဲ့ နာမည်ကို အော်ဟစ်အားပေးနေခဲ့ကြတာဖြစ်ပါတယ်။ ချယ်လ်ဆီးဝတ်စုံကို ကိုင်ထားတဲ့ ပရိသတ်နားအရောက်မှာ မော်ရင်ဟိုက ခေါင်းခါပြီး လက်မှတ်ထိုးဖို့ ငြင်းဆန်ကာ နောက်တစ်ယောက် ကျော်သွားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ချယ်လ်ဆီးအသင်းက အထုတ်ခံခဲ့ရပြီးတဲ့နောက် မော်ရင်ဟိုဟာ မန်ယူအသင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းပိုင်ရှင်က သူ့ကို ဆက်ပြီး အလိုမရှိတော့တဲ့အတွက် သူချယ်လ်ဆီးမှာ ဆက်မနေနိုင်ခဲ့တာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောထားဖူးပါတယ်။
Source : Daily Mail