EPL: မီယာမီမှာ အနားယူနေဆဲ မန်စီးတီး ကစားသမား ဆက်ဂ်နာ

ဆက်ဂ်နာကို မန်စီးတီးက နားရက်ရှည် ပေးထားပါတယ်။

play

 

ပြင်သစ်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲရောက်မှ ရှုံးနိမ့်လို့ အသည်းကွဲထားတဲ့ မန်စီးတီး နောက်ခံကစားသမား ဆက်ဂ်နာတစ်ယောက် မီယာမီကမ်းခြေမှာ ဇနီိးသည် လူဒီဗိုင်းနဲ့အတူ အေးအေးလူလူ အနားယူလျှက်ရှိပါတယ်။

play

 

လူဒီဗိုင်းက ပြီးခဲ့တဲ့ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲအတွင်း Wags တွေကြားထဲမှာလည်း နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

play

 

ပြင်သစ်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ထားရတဲ့ ဆက်ဂ်နာကို မန်စီးတီးအသင်းက နားရက်ရှည်ပေးထားတဲ့အတွက် လာမယ့် တစ်ပတ်ရောက်မှသာ ဆက်ဂ်နာက အသင်းနဲ့ ရာသီကြို ပွဲစဉ်တွေအတွက် သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

play

 

ဆက်ဂ်နာမရှိတဲ့ အချိန်မှာ မန်စီးတီးအသင်းက နည်းပြဂွါဒီယိုလာလက်ထက် ပထမဆုံး ခြေစမ်းပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်သွားခဲ့ပါသေးတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ