EPL: ဘယ်လာရင်ကို စိတ်ဝင်စားနေသည့် မန်စီးတီးအသင်းကို အာဆင်နယ်ဒေါသထွက်

နည်းပြဂွါဒီယိုလာလည်း ဘယ်လာရင်ရဲ့ခြေစွမ်းကိုသေဘာကျသူ တစ်ဦးဖြစ်ပါတယ်။

play

 

နောက်ခံကစားသမား ဘယ်လာရင်ကို မန်စီးတီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်းစားကြောင်း ပြနေတဲ့အတွက် အာဆင်အသင်းဘက်က ဒေါသထွက်လျှက်ရှိတယ်လို့ သိရပါတယ်။

play

 

မန်စီးတီးအသင်းက ဘယ်လာရင်ကို ဆက်သွယ်မှု အချို့ပြုလုပ်ခဲ့တာကြောင့် အသင်းနဲ့ ဘယ်လာရင်အကြား စာချုပ်သစ် ကိစ္စဆွေးနွေးဖို့ အစီအစဉ်ဟာ နှောင့်နှေးနေရတယ်လို့ အာဆင်နယ်အသင်းဘက်က ယုံကြည်ထားပါတယ်။ ဘယ်လာရင်နဲ့ အာဆင်နယ်အသင်းကြား စာချုပ်သက်တမ်း ရှိနေသေးပေမယ့် ကာလရှည်စာချုပ်တစ်ခုကို အာဆင်နယ်ဘက်က ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။

play

 

လက်ရှိမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ဘယ်နောက်ခံ ကစားသမား ဘယ်လာရင်ကို နှစ်သက်သဘောကျနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ဇာဘလက်တာနဲ့ ဆက်ဂ်နာကလည်း အသက် ၃၀ ကျော်နေပြီဖြစ်လို့ ဒီနေရာကို ဖြည့်တင်းဖို့ ဘယ်လာရင်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ