EPL: လက်စတာ တိုက်စစ်မှူး ဗာဒီရဲ့ဇနီးသည် ဒုတိယကိုယ်ဝန် လွယ်ထားရပြီ

မင်္ဂလာပွဲ ကျင်းပပြီး တစ်လကျော် အကြာမှာ ဗာဒီရဲ့ဇနီးသည် ရေဗက်ကာက ဒုတိယကိုယ်ဝန် လွယ်ထားရပြီ ဖြစ်ပါတယ်။

play

 

မကြာသေးခင်က လက်ထပ်ပွဲ ကျင်းပထားတဲ့ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီရဲ့ ဇနီးသည် ရေဗက်ကာဟာ ဒုတိယကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်းသိရပါတယ်။ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲ မကျင်းပခင်ကမှ ဗာဒီနဲ့ ရေဗက်ကာတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပထားတာ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ရာသီသစ် ပြန်မစခင်မှာ ဇနီးမောင်နှံနှစ်ဦး ကမ်းခြေမှာ အပန်းခြေနေတဲ့ ဓာတ်ပုံတွေအရလည်း ရေဗက်ကာထံမှာ ဗာဒီရဲ့ရင်သွေလွယ်ထားရပြီဆိုတာ သက်သေပြလျှက်ရှိပါတယ်။

play

 

 " ရေဗက်ကာအတွက် ခင်ပွန်းသည် ဗာဒီရဲ့ ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ကြောင်း ကျွန်တော်ဝမ်းသာစွာနဲ့ ကြေငြာပါတယ်" လို့ ဘက်ကီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ချန်ပီယံ လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဗာဒီနဲ့ ဇနီးသည် ရေဗက်ကာတို့က ပေါ်တူဂီအပန်းဖြေကမ်းခြေတစ်ခုကို ရောက်နေကြတာ ဖြစ်ပါတယ်။

play

 

"ဗာဒီ ဘယ်လောက်ပျော်နေမလဲတော့ ကျွန်မမသိပါဘူး။ ဒါပေမဲ့ ကလေးတွေနဲ့ အတူနေရတာ ကျွန်မတို့ ပျော်ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မိသားစု ပန်းတိုင်ပါ" လို့ ရေဗက်ကာက ပြောပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ