AD
AD
AD
play

 

အင်္ဂလန်ဘောလုံးအသင်း မန်နေဂျာအဖြစ် ဆမ်အလာဒိုက်ကို အက်ဖ်အေက ခန့်အပ်လိုက်ပြီးနောက် တစ်ရက်အကြာမှာ ဆန်းဒါးလန်အသင်းက မန်ယူအသင်း နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ မန်ယူအသင်းက ထွက်ခွာပြီးနောက်ပိုင်း သုံးနှစ်အတွင်း ဒေးဗစ်မိုယက်စ်အတွက် ပထမဆုံး အင်္ဂလန်ဘောလုံးလောကမှာ အလုပ်ပြန်ရခဲ့တာလည်းဖြစ်ပါတယ်။

play

 

ဒေးဗစ်မိုယက်စ်ကို နည်းပြအဖြစ်ခန့်အပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာအားရ ဖြစ်မိကြောင်း ဆန်းဒါးလန်းအသင်း ဥက္ကဋ္ဌ အဲလစ်ရှော့တ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အရင်ကလည်း ဒေးဗစ်မိုယက်စ်ကို ခေါ်ဖို့ အဆက်အသွယ်တွေ လုပ်ခဲ့ဖူးတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒေးစ်ေမိုယက်စ်ကို ဆန်းဒါးလန်းအသင်းက လေးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

play

 

" ဗြိတိန်ရဲ့ အစဉ်အလာကြီးမားတဲ့ ကလပ်အသင်းတစ်ခုကို ကျွန်တော်ကိုင်တွယ်ခွင့် ရခဲ့တာပါ။ ကျွန်တော့်ကို အားပေးထောက်ခံမှုတွေကြောင့် ဒီိကိုရောက်လာတာဖြစ်ပါတယ်။ နောက်ဆုံးတော့ ပရီးမီးယားလိဂ်မှာ ကြိုးစားခွင့် ပြန်ရခဲ့ပါပြီ" လို့ ဒေးဗစ်မိုယက်စ်က ပြောခဲ့ပါတယ်။

ှSource : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD