EPL: မာရက်ဇ်နှင့် လာကာဇက်တို့ကို ပေါင် ၇၅ သန်းခန့်ဖြင့် အာဆင်နယ် ခေါ်ရန်ကြိုးပမ်း

, updated

မာရက်ဇ်ကိုယ်တိုင်ကလည်း လက်စတာကထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

play

 

လာမယ့် ပရီးမီးယားလိဂ် ရာသီသစ်မစခင်မှာ အာဆင်နယ်အသင်းအတွက် ကွင်းလယ်ကစားသမား မာရက်ဇ်နဲ့ အလက်ဇန်းဒါးလာကာဇက်တို့ကို ခေါ်ယူဖို့ နည်းပြအာစင်ဝင်းဂါး ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်အသင်းရဲ့ ဂိုးကွာခြားမှု ရလဒ်က အသင်းကို ကြီးမားတဲ့ သက်ရောက်မှု ဖြစ်ခဲ့တာကြောင့် အာစင်ဝင်းဂါးက ဒီရာသီမှာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ စိတ်အားထက်သန်းနေတာဖြစ်ပါတယ်။ လက်စတာအသင်းက မာရက်ဇ်နဲ့ လီယွန်အသင်းက လာကာဇက်တို့ကိုခေါ်မယ်ဆိုရင် အာဆင်နယ်အသင်းက စုစုပေါင်း စတာလင်ပေါင် ၇၅ သန်းလောက် ကုန်ကျနိုင်ဖွယ် ရှိနေပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီမှာ လက်စတာအသင်းအကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ မာရက်ဇ်ဟာ လက်စတာနဲ့ သုံးနှစ်စာချုပ်ကျန်သေးတဲ့ ကစားသမားဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းလောက် ပေးရဖွယ် ရှိနေပါတယ်။

လီယွန်အသင်းတိုက်စစ်စ်ကစားသမားဖြစ်တဲ့ လာကာဇက်ရဲ့ အေးဂျင့်ဖြစ်သူနဲ့လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးတွေ့ဆုံခဲ့ပြီးပြီလို့ သိရပါတယ်။

ရာသီအစမှာ အာဆင်နယ်အသင်းရဲ့ ပထမပွဲထွက်ကစားသမား ၅ ဦးလောက် လက်လွှတ်ထားရမှာ ဖြစ်တဲ့အတွက် အာစင်ဝင်းဂါးဟာ ကစားသမားသစ် မဖြစ်မနေ ထပ်လိုနေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ