EPL: ပထမဆုံးနှစ်တွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထားဟု မန်ယူအသင်းပိုင်ရှင်များကို မော်ရင်ဟိုပြော

, updated

မန်ယူအသင်းရဲ့ ပစ်မှတ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်မဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

မန်ယူအသင်းနဲ့ ပထမဆုံး ရာသီသစ်မှာတင် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို အရယူသွားဖို့ နည်းပြမော်ရင်ဟိုက အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

play

 

ပိုင်ရှင် ဂလေဇာမိသားစုက အသင်းရဲ့အောင်မြင်မှုအတွက် တိကျတဲ့ တောင်းဆိုမှုမျိုး မလုပ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွက် ကြုံခဲ့ရတဲ့ အခြေအနေဆိုးကနေ ပြန်လည်လွတ်မြောက်ဖို့ ပြောခဲ့ကြောင်း မော်ရင်ဟိုက ပြောပါတယ်။ " တောင်းဆိုမှု ကြီးကြီးမားမားမရှိပါဘူး။ သုံးနှစ်စာချုပ်သက်တမ်းအတွင်း ကျွန်တော်အလုပ် ကျွန်တော်လုပ်ရုံပါပဲ။ ကျွန်တော်ဘက်ကတော့ ပထမဆုံးနှစ်မှာပဲ အမှတ်ပေးဖလား ယူပြချင်ပါတယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီမှာ အဆင့်- ၅ သာရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူအသင်းရဲ့ ဒီနှစ်ရာသီအကုန်ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်မဟုတ်ဘူးလို့လည်း မော်ရင်ဟိုက ပြောပါတယ်။ " ကျွန်တော်တို့က ချန်ပီယံဖြစ်ချင်တာပါ။ မန်ယူအသင်းရဲ့ ပစ်မှတ်က အဆင့်-၄ အတွင်းဝင်ခွင့်ရဖို့ မဟုတ်ပါဘူး။ ချန်ပီယံဖြစ်ဖို့ပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ