EPL: လက်စတာ ကစားသမား ရှလက်ကြောင့် နိုက်ကလပ်ထဲတွင် အမျိုးသမီး နှစ်ဦးရန်ဖြစ်

, updated

ရှလက်ရဲ့ချစ်သူဟောင်းနဲ့ အခြားအမျိုးသမီး တစ်ဦး ရန်ဖြစ်ခဲ့ကြတာပါ။

play

 

ပြီးခဲ့တဲ့ ရာသီ လက်စတာအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဘောလုံးသမား ဂျက်ဖရီရှလက်ရဲ့ အချစ်ရေးကိစ္စကြောင့် အမျိုးသမီးနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လက်စတာမြို့က နိုက်ကလပ်တစ်ခုရဲ့ သန့်စင်ခန်းထဲမှာ ဖြစ်ပွားခဲ့တာပါ။

play

 

လက်စတာကစားသမား ရှလက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အရင်ချစ်သူဟောင်း ကောလင်းနဲ့ အတူနေခဲ့ပြီး ကလေးငယ်တစ်ဦးလည်း ရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ နာတာရှာဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ခဲ့ပြီးနောက် ချစ်သူ ကောလင်းနဲ့ ပြတ်စဲသွားခဲ့သူဖြစ်ပါတယ်။

play

 

နာတာရှာရဲ့ ပြောပြချက်အရ သူဟာ နိုက်ကလပ်ထဲက သန့်စင်ခန်းထဲမှာ ရှိနေတုန်း အမျိုးသမီးတစ်ဦး ဝင်လာပြီး " အော်. နင်ပါလား" လို့ ပြောပြီးနောက် သူ့ရဲ့သူငယ်ချင်းတစ်စုနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေ့က လက်စတာမြို့ နိုက်ကလပ်တစ်ခုထဲမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် တိုင်ချက်ရောက်လာတယ်ဆိုတာလည်း ရဲတပ်ဖွဲ့က အတည်ပြုပေးထားပါတယ်။

play

 

ဒါပေမဲ့ နာတာရှာရဲ့ ပြောပြချက်အရ အခုတော့ သူနဲ့ ရှလက်တို့ဟာ သူငယ်ချင်းတွေလို့ သိရပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ