EPL: ကျောနံပတ် ၁၁ ဝတ်ဆင်ရသည့်အတွက် မာရှယ် မကျေမနပ် ဖြစ်နေဟု ဆို

အရင်နှစ်က မာရှယ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပတ် ၉ ကို အီဗရာဟီမိုဗစ်ခ်ျထံ လွှဲပေးလိုက်ရတာပါ။

play

 

ရာသီသစ်အတွက် အကြိုကစားသမားစာရင်းကို မန်ယူအသင်းက ထုတ်ပြန်လိုက်ပြီနောက် ကျောနံပတ် ၉ ကို အသစ်ရောက်လာတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျထံ ပေးလိုက်ရတဲ့အတွက် အသင်းတိုက်စစ်မှူး မာရှယ်က မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။

play

 

ဒီကိစ္စဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ တိုက်စစ်မှူး မာရှယ်က သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွက် am9 ဆိုတဲ့ အမည်နဲ့ လုပ်ငန်းတစ်ခုကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။ am ဆိုတာ အန်သိုနီမာရှယ်ရဲ့ နာမည်အတိုဖြစ်ပြီး 9 ကတော့ သူနောက်ဆုံးရာသီက ဝတ်ဆင်ခဲ့တဲ့ ကျောနံပတ် ဖြစ်ပါတယ်။

play

 

သတင်းအချို့အဆိုအရ မန်ယူအသင်းဟာ ကျောနံပတ်အပြောင်းအလဲကို တိုက်စစ်မှူး မာရှယ်ထံ အသိမပေးခဲ့ဘူးလို့ သိရပါတယ်။ ကျောနံပတ်အပြောင်းအလဲအတွက် မန်ယူအသင်းဘက်က ဒီလိုလုပ်တာဟာ ကစားသမားတွေအပေါ် မလေးစားရာ ရောက်တယ်လို့ ပြောပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ