EPL: လီဗာပူး အသင်းကစားသမား ဂျိုးအယ်လန်ကို စတုတ်စီးတီး ခေါ်ယူ

, updated

စတုတ်စီးတီးအတွက် ဒီရာသီ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာပါတယ်။

play

 

လီဗာပူးအသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့တဲ့ လီဗာပူး ကစားသမား ဂျိုးအယ်လန်ကို စတုတ်စီးတီးအသင်းက ပေါင် ၁၃ သန်း နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲမှာ ခြေစွမ်းပြပြီး ဆီမီးဖိုင်နယ် ရောက်ခဲ့တဲ့ ဝေးလ်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေက ဂျိုးအယ်လန်ဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဂျိုးအယ်လန်ကို ဆွမ်ဆီးအသင်းထံကနေ လီဗာပူးအသင်းကို ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းခန့် ပေးချေခဲ့ရပါတယ်။ " စတုတ်စီးတီး အသင်းဘက်က ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ စပြီး ကြားခဲ့တဲ့တုန်းက စိတ်ဝင်စားခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို ချဖို့ မခက်ခဲခဲ့ပါဘူး။ ကျွန်တော့်ရဲ့အနာဂတ်ကို စတုတ်စီးတီးနဲ့ စတင်ဖို့ စိတ်လှုပ်ရှားနေပါပြီ" လို့ ဂျိုးအယ်လန်က ပြောပါတယ်။

စတုတ်းစီးတီးအသင်းအတွက် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ဂျိုးအယ်လန်က ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမား ဖြစ်လာပါတယ်။ ဂျိုးအယ်လန်အရင် စတုတ်စီးတီးအသင်းက အီဂျစ်ကစားသမား ရာမာဒန်ကိုခေါ်ယူထားတယ်လို့ သိရပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ