EPL: မန်စီးတီးတိုက်စစ်မှူးဟောင်း တိဗက်ဇ်ကို ချယ်လ်ဆီး ခေါ်ယူရန် ကြိုးပမ်း

တိဗက်ဇ်က လက်ရှိ ဘိုကာဂျူနီယာအသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။

play

 

နည်းပြသစ် ကွန်တီနဲ့ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ချယ်လ်ဆီးအသင်းက ယခင် မန်ယူနဲ့ မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ကားလို့စ်တိဗက်ဇ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ လက်ရှိ ဘိုကာဂျူနီယာ အသင်းတိုက်စစ်မှူးဖြစ်နေတဲ့ ကားလို့စ်တိဗက်ဇ်က နည်းပြကွန်တီနဲ့အတူ ဂျူဗင်တပ်အသင်းမှာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းအပြင် စီးရီးအေကလပ် နာပိုလီအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အာဂျင်တီးနား အမှတ်ပေးလိဂ်မှာ ကစားနေတဲ့ တိဗက်ဇ်က ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။ " ဒါအမှန်ပါပဲ။ ချယ်လ်ဆီး အသင်းရော နာပိုလီ အသင်းကပါ ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်" လို့ တိဗက်ဇ်က ပြောပါတယ်။ နာပိုလီအသင်းက တိုက်စစ်မှူး ဟီဂူအင်ကို ဂျူဗင်တပ်အသင်းထံ ရောင်းလိုက်တဲ့အတွက် တိုက်စစ်မှူး နောက်တစ်ဦးခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့် ဘိုကာဂျူနီယာအသင်းမှာပဲ ကစားသမားကုန်ဆုံးတဲ့အထိ ဆက်ကစားမယ်လို့ တိဗက်ဇ်က ယတိပြတ် တုန့်ပြန်လိုက်ပါတယ်။ " ကျွန်တော် ဘိုကာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်" လို့ မန်စီးတီးတိုက်စစ်မှူးဟောင်းက ဆိုပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းက နာပိုလီ ခံစစ်မှူး ကာလီဒူကို ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းပြီး ခေါ်ယူဖို့  ကြိုးပမ်းနေကြောင်း သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ