EPL: ပရီးမီးယားလိဂ်တွင် လူမုန်းခံရဆုံး အသင်းက မန်ယူမဟုတ်တော့

ယမန်နှစ် စစ်တမ်းမှာတော့ လူမုန့်ခံရဆုံး အသင်းက မန်ယူဖြစ်ပေမယ့် ဒီနှစ်တော့ မဟုတ်တော့ပါဘူး။

play

 

၂၀၁၆-၁၇ ဘောလုံးရာသီသစ်မစခင် လေ့လာမှု စစ်တမ်းတစ်ခုအရ ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအသင်းက ချယ်လ်ဆီးအသင်းဖြစ်တယ်လို့ သိရပါတယ်။ Daily Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆိးအသင်းပြီး ဒုတိယ လူမုန်းအများဆုံး အသင်းက မန်ယူဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဒီလိုစစ်တမ်းမျိုးကို ယမန်နှစ်ကလည်း ပြုလုပ်ခဲ့ပြီး အဲဒီအချိန်တုန်းကတော့ လူမုန်းအများဆုံး အသင်းဟာ မန်ယူအသင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုမန်ယူအသင်းရဲ့ နေရာကို ချယ်လ်ဆီးအသင်းက ရယူသွားတာဖြစ်တယ်လို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။ ဒါပေမယ့် ဒါဟာ ကမ္ဘာတစ်လွှား လုပ်ထားတဲ့ လေ့လာချက် စစ်တမ်းတစ်ခု မဟုတ်ပါဘူး။ ချန်ပီယံဖြစ်ထားတဲ့ လက်စတာအသင်းက လူချစ်လူခင်အများဆုံး အဆင့်-၂ နေရာမှာ ရှိပါတယ်။

play

 

ဗြိတိန်နိုင်ငံအတွင်း နေရာအနှံ့က ဘောလုံးပရိသတ် တစ်သောင်းခန့်ကို စစ်တမ်းကောက်ယူပြီး လေ့လာပြုစုထားတဲ့ ရလဒ်ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အမုန်းအများဆုံး ပရိသတ်တွေက စပါးအသင်း ပရိသတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မန်ယူအသင်းကိုတော့ မန်စီးတီးပရိသတ်တွေနဲ့ လီဗာပူး ပရိသတ်တွေက အမုန်းဆုံး ဖြစ်ကြတယ်လို့ သိရပါတယ်။

play

 

ပရီးမီးယားလိဂ်တွင် လူမုန်းအများဆုံး အသင်း ၅ သင်း

ချယ်လ်ဆီး

မန်ယူ

လီဗာပူး

မန်စီးတီး

အာဆင်နယ်

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ