EPL: ဝိတ်တက်လာသည့် ကစားသမားများကို ဂွါဒီယိုလာ ဘောလုံးကစားခွင့် မပြု

ဝ လာတဲ့ ကစားသမားတွေကို အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းခိုင်းဘဲ ဝိတ်အရင်ချခိုင်းတယ်လို့ ဆိုပါတယ်။

play

 

ရာသီကြို ခြေစမ်းပွဲတွေ ကစားနေတဲ့အချိန်မှာ အားကစားသမားတစ်ယောက်ရှိရမယ့် ခန္ဓာကိုယ်ထက် ဝဖြိုးနေတဲ့သူတွေကို ဂွါဒီယိုလာက ဘောလုံးမကစားခိုင်းကြောင်း သိရပါတယ်။ မန်စီးတီးအသင်းမှာ ဝဖြီးနေသူတွေကို အသင်းနဲ့ ဘောလုံးအရင် မကစားခိုင်းပဲ ဝိတ်ချတဲ့ လေ့ကျင့်ခန်းတွေ အရင်လုပ်ခိုင်းနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

play

 

နည်းပြဂွါဒီယိုလာ မန်စီးတီးအသင်းကို ရောက်လာပြီးမှ ကစားသမားတွေအားလုံး အပြောင်းအလဲများစွာ ရင်ဆိုင်နေရတယ်လို့ နောက်ခံလူ ကလစ်ချီကလည်းပြောပါတယ်။ အစောပိုင်းကတည်းက နည်းပြဂွါဒီယိုလာဟာ မန်စီးတီး ကစားသမား ယာယာတိုယေးနဲ့ နာဆရီတို့နှစ်ဦး သာမန်ထက်ပိုပြီး ဝနေတဲ့အတွက် အသင်းနဲ့ လေ့ကျင့်ခန်း အရင်မဆင်းခိုင်းပဲ ဝိတ်အရင်ချခိုင်းထားတယ်လို့ ဆိုပါတယ်။ ဝလာတဲ့သူတွေကို ဘောလုံးမကစားခိုင်းဘူးဆိုတာ မန်နေဂျာတွေ အမြဲပြောလေ့ရှိတဲ့ စကားဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ အပြောသာမဟုတ် လက်တွေ့လုပ်တဲ့သူလို့ ကလစ်ချီက ပြောပါတယ်။

play

 

ကွင်းထဲမှာမက ကစားသမားတွေရဲ့ ပြင်ပလူနေမှု ပုံစံတွေပါ ပြောင်းလဲသွားကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက ကအခုမန်စီးတီး ကစားသမားတွေကို ပီဇာလို ဝိတ်တက်လာစေတဲ့ မုန့်မျိုးတွေပွဲပြီးရင် စားခွင့်မပြုတော့ဘူးလို့ နောက်ခံလူ ကလစ်ချီက ပြောကြားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ