EPL: တိုက်စစ်မှူး လာကာဇက်အတွက် အာဆင်နယ် ကမ်းလှမ်းချက်ကို လီယွန်အသင်း ပယ်ချ

အာဆင်နယ်အတွက် ရာသီသစ်မစခင်မှာ တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေတာပါ။

play

 

တိုက်စစ်မှူး လာကာဇက်အတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ လီယွန်အသင်းကလည် အသင်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွေကတဆင့် အဆိုပါကစားသမားကိုရောင်းချမှာ မဟုတ်ကြောင်း ကြေငြာလိုက်ပါတယ်။

play

 

အာဆင်နယ်အသင်းဘက်က တိုက်စစ်မှူး လာကာဇက်ကို ပေါင်သန် ၄၀ ခန့်ပေးပြီး ခေါ်ယူဖို့ ကြိုးစားခဲ့တာလို့ သတင်းတစ်ရပ်က ဖော်ပြပါတယ်။ လီယွန်ဘက်ကတော့ ပေါင် ၂၉ သန်းလောက်နဲ့သာ ကမ်းလှမ်းခဲ့တာလို့ လီယွန်ဘက်က ပြောပါတယ်။ ဒါပေမယ့် လာကာဇက်ဟာ လီယွန်အသင်းအတွက် အစားထိုးနိုင်တဲ့ ကစားသမားမဟုတ်ကြောင်း လီယွန်က ကြေငြာပြီး ဒီကစားသမားက ရောင်းဖို့မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ လာမယ့်ရာသီအတွက် လီယွန်အသင်းမှာ တိုက်စစ်မှူး လာကာဇက်က ခေါင်းဆောင်တစ်ဦး ဖြစ်နေဦးမယ်လို့လည်း လီယွန်အသင်းက ကြေငြာစာထဲမှာ ထုတ်ပြန်ရေးသားထားပါတယ်။

play

 

ဒီရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေတဲ့ အာဆင်နယ်အသင်းက လာကာဇက်အပြောင်းအရွှေ့ အဆင်မပြေ ဖြစ်နေတဲ့အတွက် တူးလော့စ်တိုက်စစ်မှူး ဘန်ယက်ဒါကိုလည်း ခေါ်ဖို့ ကြိုးစားနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ