EPL: မန်ယူသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပေါ့ဂ်ဘာ သဲလွန်စပေး

ဂျူဗင်တပ်နဲ့ မန်ယူအသင်းကြား သဘောတူညီမှု ရပြီလို့ သတင်းတွေက ဆိုပါတယ်။

play

 

ပြင်သစ်လက်ရွေးစင် ဘောလုံးသမား ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနဲ့ မန်ယူအသင်းအကြား သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကြာဿပတေးနေ့ညက ဂျူဗင်တပ်နဲ့ မန်ယူ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သဘောတူညီမှု ရရှိခဲ့တာလို့ သိရပါတယ်။

play

 

မန်ယူအသင်းအတွက် ဒီနှစ်ဘောလုံးရာသီမှာ နံပတ်-၁ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ပေါ့ဂ်ဘာအတွက် စုစုပေါင်း အပြောင်းအရွှေ့ စရိတ် ပေါင် ၁၁၂ သန်းခန့် ပေးချဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ နှစ်ဖက်အသင်းအကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း ဂျူဗင်တပ် ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက The Sun သတင်းစာကို အတည်ပြု ပြောကြားပါတယ်။

play

 

ပေါင် ၁၁၂ သန်းမန်ယူအသင်းက ပေးရမှာဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းဘက်က ပြောင်းရွှေ့ကြေးရဲ့ ၉၂ သန်းကိုသာ လက်ခံရရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ပေါင်သန်း ၂၀ ကိုတော့ ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ ရေးအိုလာ လက်ခံရရှိမှာပါ။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ်ကတဆင့် အရိပ်အမြွက် ဖွင့်ချလိုက်ပါတယ်။

play

 

အားလပ်ရက် ခရီးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာတင်ခဲ့တာ ဖြစ်ပြီး အဲဒီဓာတ်ပုံထဲမှာ ပေါ့ဂ်ဘာက ဦးထုတ်အနီဆောင်းပြီးဖိနပ်နီရောင် ဝတ်ဆင်ထားတာဖြစ်ပါတယ်။ သာမန်ဓာတ်ပုံလို့ ယူဆစရာရှိပေမယ့် ပေါ့ဂ်ဘာက ဓာတ်ပုံထဲက ကျန်တဲ့အရာဝတ္ထုတွေကို အဖြူအမည်းအရောင်သာ လုပ်ထားပြီး ဦးထုတ်နဲ့ဖိနပ်ရဲ့ အနီရောင်ကိုပဲ ပေါ်လွင်အောင် လုပ်ထားတာဖြစ်ပါတယ်။

play

 

ဒါပေမယ့် သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင် ဘာမဆိုဖြစ်နိုင်သေးတယ်လို့လည်း ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းက ပြောထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ