EPL: မန်ယူအသင်းနှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းတဲ့ အီဗရာဟီမိုဗစ်ခ်ျ

လာမယ့် စနေနေ့ ကစားမယ့် ခြေစမ်းပွဲမှာ အီဗရာဟီမိုဗစ်ခ်ျပါဝင်လာဖို့ ရှိနေပါတယ်။

 

ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ခ်ျက မန်ယူအသင်းကို ပြောင်းရွှေ့လာပြီးနောက် အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်း ဆင်းခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အမေရိက ခရီးစဉ်က ပြန်လည်ရောက်ရှိလာပြီးနောက် မန်ယူအသင်း ကစားသမားတွေနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။

 

မန်ယူအသင်း သွားရောက်ကစားခဲ့တဲ့ တရုတ်ပြည် ခရီးစဉ်ကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ မလိုက်ပါခဲ့ပေမယ့် လာမယ့် စနေနေ့မှာ ကစားမယ့် ဂါလာတာဆာရေးနဲ့ ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ပါဝင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အီဗရာဟီမိုဗစ်ခ်ျရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆွီဒင်နိုင်ငံမှာကစားဖို့ ဒီပွဲကို စီစဉ်ထားတာဖြစ်ပါတယ်။

 

ဇူလိုင် ၂၇ ရက်နေ့မနက်မှာ မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို အီဗရာဟီမိုဗစ်ခ်ျက သူရဲ့ အဖြူရောင် BMW ကားနဲ့ ရောက်လာတာဖြစ်ပြီး ဒီရက်ပိုင်းမတိုင်ခင်ကတည်းက သူတို့မိသားစုကို မန်ချက်စတာမြို့လည်မှာ တွေ့ခဲ့ရပါသေးတယ်။ လာမယ့် စနေနေ့မှာ မန်ယူနဲ့ ဂါလာတာဆာရေး ကစားမယ့် ခြေစမ်းပွဲစဉ်ဟာ အီဗရာဟီမိုဗစ်ခ်ျကို စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဆွီဒင်ပရိသတ်တွေကို ဆွဲဆောင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ