EPL: ရာသီသစ်မစခင် အာဆင်နယ်ခေါ်ဖွယ်ရှိတဲ့ နောက်ခံ ကစားသမား (၅) ဦး

အာဆင်နယ်အသင်းမှာ ဗဟိုခံစစ်မရှိတဲ့ ပြဿနာ ရင်ဆိုင်နေရလို့ ခံစစ်မှူးတွေ မဖြစ်မနေ ခေါ်ရမှာပါ။

play

 

လာမယ့် ရာသီအစမှာအာဆင်နယ်အသင်း ရင်ဆိုင်ရနိုင်ချေရှိတဲ့ အခက်အခဲက နောက်တန်ခံစစ်မှူး ရှားပါးတဲ့ ပြဿနာ ဖြစ်ပါတယ်။ အထူးသဖြင့် မာတီဆက်ကာ ဒဏ်ရာရသွားပြီးနောက် ဗဟိုခံစစ်မှူး မရှိတဲ့ အခြေအနေကို အာဆင်နယ်ရင်ဆိုင်နေရပါတယ်။

play

 

နောက်ထပ် ခံစစ်မှူးဖြစ်တဲ့ ပေါ်လစ္စတာက ဒဏ်ရာကြောင့် အိမ်မှာ အနားယူနေရဆဲ ဖြစ်ပြီး ကိုစီရယ်နီကလည်း နောက်ကျမှ အသင်းကို ရောက်လာမှာပါ။ ရာသီသစ်မစခင် အာဆင်နယ်အသင်း ခေါ်ယူနိုင်ချေရှိတဲ့ ဗဟို ခံစစ်မှူး ငါးဦး ရှိပါတယ်။

၁။ မာနိုလက်စ် (ရိုးမား)

play

 

အရပ်ခြောက်ပေနဲ့ နှစ်လက်မရှည်တဲ့ နောက်တန်းကစားသမားဖြစ်ပြီး ကိုစီရယ်နီနေရာကို အစားထိုးဖို့ အာစင်ဝင်းဂါး မျက်စိကျနေသူ ဖြစ်ပါတယ။်

၂။ မက်စတာဖီ (ဗလန်စီယာ)

play

 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာဖီဟာ ဗလန်စီယာနဲ့အတူ ပြီးတဲ့တစ်ရာသီလုံး ခြေစွမ်းပြခဲ့တဲ့အပြင် ဂျာမနီအသင်းနဲ့လည်း ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၃။ ကော်လီဘလီ (နာပိုလီ)

play

 

သူ့ရဲ့ အေးဂျင့်ကိုယ်တိုင် နာပိုလီအသင်းက ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ အရပ် ခြောက်ပေ လေးလက်မရှိတဲ့ ကစားသမားဖြစ်ပြီး ပေါင် ၃၇ သန်းလောက် ပေးချေရဖွယ် ရှိနေပါတယ်။

၎။ မူရီလို (အင်တာမီလန်)

play

 

ကိုပါအမေရိကဖလားမှာ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ အင်တာမီလန်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

၅။ ဂျင်တာ (ဒေါ့မွန်)

play

 

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသူဖြစ်ပြီး ဒေါ့မွန်အသင်းကလည်း ဟမ်းမဲလ်နေရာ အစားထိုးဖို့ လက်မလွှတ်ချင် ဖြစ်နေတဲ့ ကစားသမားဖြစ်ပါတယ်။ ဂျင်တာကို အာဆင်နယ်အသင်း အခြား အင်္ဂလိပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ