EPL: ရှဝိန်းစတိုင်ဂါ အပါအဝင် မန်ယူကစားသမား ကိုးဦးကို မော်ရင်ဟို အသင်းမှ ထွက်ခွင့်ပေးထား

ကစားသမားအချို့ကို အပြီးရောင်းချမှာဖြစ်ပြီး အချို့ကိုတော့ အငှားချမှာ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဂျာမနီကစားသမား ရှဝိန်စတိုင်ဂါ အပါအဝင် မန်ယူအသင်း ကစားသမား ကိုးဦးကို အသင်းက ထွက်ခွာနိုင်ပြီဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက သတိပေးထားတယ်လို့ ဆိုပါတယ်။

play

 

ရှဝိန်းစတိုင်ဂါအပါအဝင် ကစားသမား ကိုးဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ မန်ယူပထမအသင်းကြီးနဲ့ လေ့ကျင့်ခိုင်းထားမှု ရပ်ဆိုင်းလိုက်ပြီး ယူ-၂၁ ကစားသမားတွေနဲ့သာ လေ့ကျင့်စေတယ်လို့ ဆိုပါတယ်။ အဆိုပါ ကစားသမား အားလုံး အသင်းက ထွက်ခွာဖို့ မသေချာသေးပေမယ့် ကစားသမား အတော်များများကတော့  အခြားအသင်း တစ်သင်းကို အငှားသို့မဟုတ် အပြီးအပိုင် ရောင်းချခြင်း ခံရမှာ ဖြစ်ပါတယ်။

play
ဘော့သ်ဝှစ်ဂျက်ဆင် နှင့် ဖိုဆူမန်ဆက်ခ်ျ

 

လာမယ့် စနေနေ့ ကစားမယ့် ဂါလာတာဆာရေးအသင်းနဲ့ ခြေစမ်းပွဲမှာလည်း မော်ရင်ဟိုက အဆိုပါ ကစားသမား ကိုးဦးကိုချန်လှပ်ခဲ့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီ နည်းပြလူးဝစ္စဗန်ဟားလ်လက်အောက်မှာ ခြေစွမ်းပြခဲ့တဲ့ ဘော့ဝှစ်ဂျက်ဆင်နဲ့ ဖိုဆူမန်ဆက်တို့ နှစ်ဦးလုံး မော်ရင်ဟိုရဲ့ အစီအစဉ်ထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။ လူငယ်ကွင်းလယ် ကစားသမား ပီရဲယားကိုလည်း အသင်းကြီး အတွေ့အကြုံ မရှိသေးတဲ့အတွက် အငှားချဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

play
ဝီလ်ကိန်းနှင့် ဂျိမ်းစ်ဝီလ်ဆင်

 

တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျိမ်းစ်ဝီလ်ဆင်နဲ့ ဝီလ်ကိန်းတို့ကိုလည်း အသင်းကြီးစာရင်းမှာ မော်ရင်ဟိုက ထည့်သွင်းမှာ မဟုတ်ပါဘူး။ နည်းပြမိယက်စ်လက်ထက်မှာ ထွက်လာတဲ့ ယာနူဇက်ကိုလည်း အငှားချသွားမှာဖြစ်ပြီး နောက်ခံလူ မက္ကနဲလည်း ပါဝင်နေပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ