EPL: အဲဗာတန် နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူမည်ဟု ဂွါဒီယိုလာ အတည်ပြု

ဂျွန်စတုန်းအပြင် ရှော်ကေး တောင်ပံကစားသမားကိုလည်း ခေါ်ဖို့ ကြိုးစားနေတယ်လို့ ဂွါဒီယိုလာက အတည်ပြုထားပါတယ်။

play

 

အဲဗာတန်နောက်ခံ ကစားသမား ဂျွန်စတုန်းနဲ့ ရှော်လ်ကေးအသင်း ကစားသမား လီရွိုင်ဆာနေးတို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။

play

 

အသင်းကြီးအတော်များများ မျက်စိကျနေတဲ့ အဲဗာတန်နောက်ခံ ကစားသမား ဂျွန်စတုန်းအတွက် မန်စီးတီး အသင်းက ပေါင်သန်း ၅၀ ခန့် ပေးချေရဖွယ် ရှိနေပါတယ်။ ရှော်ကေး တောင်ပံကစားသမား စိန်း အတွက်ကိုတော့ မန်စီးတီး အသင်းက ပေါင် ၄၂ သန်းလောက် အသုံးပြုရဖွယ် ရှိနေပါတယ်။ မန်စီးတီး အသင်းက ဒေါ့မွန်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရဲ့တဲ့ အင်တာနေရှင်နယ် ချန်ပီယံများ ပွဲစဉ်အပြီးမှာ နည်းပြဂွါဒီယိုလာက အခုလို ဝန်ခံခဲ့တာဖြစ်ပါတယ်။

play

 

" လောလောဆယ်တော့ ဆာနေးက ရှော်ကေး ကစားသမား ဖြစ်ပါတယ်။ သူမန်စီးတီးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ပျော်ရမှာပါ။ သူမလာဘူးဆိုလည်း ရှော်ကေးပရိသတ်တွေအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ အဲဗာတန်က ဂျွန်စတုန်းအတွက်လည်း ခံစားချက်က ဒီအတိုင်းပါပဲ" လို့ ဂွါဒီယိုလာက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ