EPL: မာရက်ဇ်ကို အာဆင်နယ် ရက်ပိုင်းအတွင်း ခေါ်ယူနိုင်တော့မည်ဟု ဆို

အာဆင်နယ်နဲ့ လက်စတာအသင်းအကြား သဘောတူညီမှု တစ်ရပ်ရရှိထားပြီလို့ အယ်လ်ဂျီးရီးယား သတင်းတစ်ရပ်က ဖော်ပြပါတယ်။

play

 

ချန်ပီယံလက်စတာအသင်း ကွင်းလယ်ကစားသမား မာရက်ဇ်ကို အာဆင်နယ်အသင်းက ရက်ပိုင်းအတွက် စာချုပ်ချုပ်ဆို ခေါ်ယူနိုင်တော့မှာဖြစ်ကြောင်း အယ်ဂျီးရီးယားသတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။

အယ်ဂျီးရီးယား ကစားသမား ဖြစ်တဲ့ မာရက်ဇ်ကို အာဆင်နယ်အသင်း ခေါ်ယူဖို့ ကြိုးစားနေပေမယ့် လက်စတာဘက်က လက်မလွှတ်လိုတာကြောင့် အခက်တွေ့နေတာ ဖြစ်ပါတယ်။ lebuteur.com ရဲ့ ဖော်ပြချက်အရ ကွင်းလယ်ဖန်တီးရှင် မာရက်ဇ်အတွက် အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းအကြား သဘောတူညီမှု တစ်ရပ်ရရှိသွားပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် နောက်ဆုံး ဈေးနှုန်းတစ်ရပ် သတ်မှတ်ဖို့သာ ကျန်တော့တယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီမှာ ပရောက်ဖက်ရှင်နယ်ဘောလုံးသမား အဖွဲ့ချုပ်က ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိထားတဲ့ မာရက်ဇ်ကို လက်စတာကမရောင်းချင်ပေမယ့် ကစားသမားထွက်ခွာမယ်ဆိုရင် ရောင်းချရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအသင်းကို ထွက်ခွာမယ်ဆိုရင် မာရက်ဇ်အနေနဲ့ အမေ့ခံ ကစားသမား တစ်ဦး ဖြစ်သွားနိုင်ကြောင်း လက်စတာနည်းပြ ရေနီယာရီက သတိပေးထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ