AD
AD
AD
play

မန်ယူအသင်းနဲ့ တူရကီကလပ် ဂါလာတာဆာရေး အသင်းတို့ ခြေစမ်းပွဲစဉ်မှာ တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်ခ်ျ ပွဲဦးထွက် ပါဝင်လာမယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းက ခြေစမ်းပွဲကစားမယ့် လူစာရင်းကို ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် ဆွီဒင်ကို လိုက်ပါလာတဲ့ ကစားသမားစာရင်းမှာ  အီဗရာဟီမိုဗစ်ခ်ျ ထိပ်ဆုံးက ပါဝင်လာပါတယ်။ မန်ယူက အီဗရာဟီမိုဗစ်ခ်ျကို စာချုပ်ချုပ်ဖို့ သေချာသွားပြီးတဲ့ အချိန်ရောက်မှသာ ဂါလာတာဆာရေးနဲ့ ဆွီဒင်မှာ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

play

 

ဆွီဒင်က အီဗရာဟီမိုဗစ်ခ်ျရဲ့ မွေးရပ်မြေဖြစ်တာကြောင့် ခြေစမ်းပွဲ သွားကစားဖို့ မန်ယူ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီခြေစမ်းပွဲ မတိုင်ခင် လွန်ခဲ့တဲ့ လေးရက်လောက်မှာ အီဗရာဟီမိုဗစ်ခ်ျက မန်ယူအသင်းနဲ့ လာရောက်ပူးပေါင်းပြီး လေ့ကျင့်ရေး ဆင်းခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD