EPL: ပွဲထွက်ပြီး သုံးမိနစ်အကြာမှာ မြေမကျန် ကန်ချက်နဲ့ ဂိုးသွင်းတဲ့ အီဗရာဟီမိုဗစ်ခ်ျ

မန်ယူအသင်းနဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

play


ဂါလာတာဆာရေးနဲ့ ပွဲဦးထွက်မှာ မန်ယူအသင်း တိုက်စစ်မှူးသစ် အီဗရာ ဟီမိုဗစ်ခ်ျက ပွဲစပြီး သုံးမိနစ်အကြာမှာပဲ အသင်းအတွက် အဖွင့်ဂိုးသွင်းယူလိုက်နိုင်ပါတယ်။

ညာခြမ်းကတဆင့် ဗလန်စီယာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အီဗရာဟီမိုဗစ်ခ်ျက မြေမကျ ကန်ချက်နဲ့ ပွဲသိမ်းလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ ဒီလို ကန်ချက်မျိုးနဲ့ ဂိုးသွင်းမှုမျိုးတွေ အရင်ကတည်းက ရရှိခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

မန်ယူအသင်းကို ပြောင်းရွှေ့လာတဲ့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကို ဒီပွဲမှာမှ စတင်ပွဲထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ