EPL: လူကာကူ ချယ်လ်ဆီး ပြန်ရောက်တော့မည်လား

ချယ်လ်ဆီးအသင်းရဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ကတော့ ပယ်ချခံထားရပါတယ်။

play

 

အဲဗာတန်တိုက်စစ်မှူး လူကာကူအတွက် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပမာဏသဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဘက်က ပေါင် ၅၇ သန်းနဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ဟာ ပယ်ချခြင်း ခံခဲ့ရပါတယ်။

ပေါင် ၅၇ သန်းပမာဏဟာ ၂၀၁၄ ခုနှစ်တုန်းက လူကာကူကို အဲဗာတန်ခေါ်ယူခဲ့တဲ့ ဈေးနှုန်းရဲ့ နှစ်ဆနီးပါးဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန် အသင်းဘက်က လူကာကူအတွက် ပေါင် ၇၅ သန်း တောင်းဆိုထားတယ်လို့ သိရပါတယ်။ တိုက်စစ်မှူး လူကာကူက ချယ်လ်ဆီးကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပြီးနောက်ပိုင်း သင့်တော်တဲ့ ကြားဈေးနှုန်းတစ်ရပ်နဲ့ ရှေ့ပြေးသဘောတူညီမှုကို နှစ်ဖက်အသင်း ရယူထားတယ်လို့ ဆိုပါတယ်။

play

 

ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး လူကာကူကို မခေါ်ခင်မှာ မာဆေးလ်တိုက်စစ်ကစားသမား ဘက်ရွှာရီကို ခေါ်ယူထားပြီးပြီဖြစ်ပြီး အသင်းမှာ အဓိကတိုက်စစ်မှူးအဖြစ် ကော်စတာလည်း ရှိနေပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ