EPL: ဝက်စ်ဘရွန်းနောက်ခံလူ အီဗန်ကို ပေါင် ၁၅ သန်းဖြင့်ခေါ်ယူရန် အာဆင်နယ် စီစဉ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း မာတီဆက်ကာ ဒဏ်ရာရသွားပြီးနောက် နောက်ခံလူတစ်ယောက် ရှာဖွေနေကြောင်း ပြောထားပါတယ်။

play
ဂျွန်နီအီဗန်


အာဆင်နယ်အသင်းက အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတစ်ခုအဖြစ် ဝက်စ်ဘရွန်း နောက်ခံကစားသမား ဂျွန်နီအီဗန်ကို ပေါင်စတာလင် ၁၅ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ အာဆင်နယ်မှာ နောက်ခံလူ မာတီဆက်ကာ ဒူးဒဏ်ရာကြောင့် ၅ လကြာ အနားယူရမှာ ဖြစ်တာကြောင့် နောက်ခံကစားသမား လိုအပ်ချက်ရှိလာခဲ့ပါတယ်။

play
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး


အသက် ၂၈ နှစ်အရွယ် အီဗန်ဟာ ယမန်နှစ် နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်မှ ဝက်စ်ဘရွန်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း မာတီဆက်ကာ ဒဏ်ရာရသွားပြီးနောက် နောက်ခံလူတစ်ယောက် ရှာဖွေနေကြောင်း ပြောထားပါတယ်။

play
ရှက်ခိုဒရန် မူစတာဖီ


အာဆင်နယ်က အီဗန်ကို အစောဆုံးအနေဖြင့် လာမယ့် သီတင်းပတ်အတွင်း စာချုပ်ခေါ်ယူသွားနိုင်ကြောင်း Daily Mirror ဖော်ပြပါတယ်။ အာဆင်နယ်အသင်းဟာ ဗလင်စီယာ ကစားသမား ရှက်ခိုဒရန် မူစတာဖီကို ခေါ်ယူရန်လည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
Source & Photo: Daily Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ