EPL: ပေါ့ဂ်ဘာ၏ ပေါင်သန်း ၁၀၀ ပြောင်းရွှေ့ကြေးအပေါ် အာစင်ဝင်းဂါး၏မှတ်ချက်

ရူးနှမ်းလောက်တဲ့ ပြောင်းရွှေ့ကြေးလို့ ပြောပါတယ်။

play

 

ဂျူဗင်တပ်အသင်း ကစားသမား ပေါ့ဂ်ဘာကို ပေါင်သန်း ၁၀၀ ပေးချေပြီး ခေါ်ယူခြင်းဟာ ရူးနှမ်းသွားစေလောက်တဲ့ ငွေကြေးပမာဏ ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

play

 

သာမန် လူနေမှုဘဝတွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီလိုငွေကြေးတွေဟာ အလုံးစုံရူးနှမ်းသွားစေလောက်တဲ့ ပမာဏာ ဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ဆက်လက်ပြောကြားပါတယ်။ မန်ယူအသင်းဘက်က ပေါ့ဂ်ဘာအတွက် အပြောင်းအရွှေ့ကို အတည်ပြုချက် မထုတ်ပြန်သေးပေမယ့် ဗြိတိန်မီဒီယာတွေကတော့ အပြောင်းအရွှေ့ဟာ သဘောတူညီမှု အားလုံး ရသွားခဲ့ပြီလို့ ပြောပါတယ်။

play

 

ဒီလို စံချိန်တင် ငွေကြေးမျိုးနဲ့ မတတ်နိုင်တဲ့သူတွေအတွက်တော့ ရူးနှမ်းစေလောက်တဲ့ ပမာဏ ဖြစ်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

" ဒါဟာ လုံးဝကို ရူးနှမ်းတဲ့ ကိစ္စပါပဲ။ တတ်နိုင်တဲ့သူတွေ အတွက်တော့ ဝယ်လိုက်ရုံပါပဲ။ ဘောလုံးဟာ ကမ္ဘာတစ်လွှား ဖြန့်ကျက်တဲ့ အားကစားဖြစ်လာပါပြီ။ ဒါကြောင့်လည်း ဒီလိုငွေကြေးမျိုးတွေ သုံးစွဲလာကြတာပါ။ ဒီပမာဏကို ကစားသမားဆီက ပြန်ရနိုင်မလားဆိုတာကတော့ ဘယ်သူမှ ကျိမ်းသေမတွက်နိုင်တဲ့ ကိစ္စပါ။ နောက်နှစ်နည်းနည်းလောက်ဆိုရင် သန်း ၂၀၀၊ ၃၀၀ မဖြစ်လာဘူးလို့လည်း မပြောနိုင်ပါဘူး" ဆိုပြီး အာစင်ဝင်းဂါးက မှတ်ချက်ပေးခဲ့ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ