EPL: ဒုတိယ ဈေးအကြီးဆုံး ဂျာမန်ကစားသမား ဖြစ်လာမည့် ဆာနေး

မန်စီးတီးအသင်းကို ရောက်ရှိလာမယ့် နောက်ဆုံးကစားသမား ဖြစ်ပါတယ်။

play

 

ရှော်လ်ကေးအသင်းကစားသမား လီရွိုင်ဆာနေးကို မန်စီးတီးအသင်းက ခေါ်ယူဖို့ အပြီးသတ်ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ကို ယနေ့ တရားဝင် ကြေညာဖွယ် ရှိနေပါတယ်။

play

 

တောင်ပံကစားသမား ဆာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၁.၅ သန်းပေးချေခဲ့တာကြောင့် ဒုတိယမြောက် ဈေးအကြီးဆုံး ဂျာမန်ကစားသမားတစ်ဦးလည်းဖြစ်လာပါတယ်။ ပရီးမီးယားလိဂ်ကို ပြောင်းလာတဲ့ ဂျာမန်ကစားသမားတွေထဲမှာ ဈေးအကြီးဆုံး ကစားသမားက အာဆင်နယ်ကိုပြောင်းရွှေ့ခဲ့တဲ့ အိုဇေးဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ဆာနေးက ဘွန်ဒက်စ်လီဂါမှာ ၄၇ ပွဲ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီးမနှစ်ကတော့ ရှော်လ်ကေးအသင်းအတွက် လိဂ်ပွဲ ၃၃ ပွဲကစားခဲ့သူပါ။

play

 

လာမယ့် ရာသီမန်စီးတီးအသင်း တိုက်စစ်ကိုအားမရနိုင် ဖြစ်နေဆဲ ဂွါဒီယိုလာအတွက် အဂူရို၊ ဘိုနီ၊ အီဟွာနာချို တို့နဲ့အတူ ဆာနေးကို ပူးပေါင်းထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ အသင်းဘက်က အပြောင်းအရွှေ့ကို တရားဝင် ထုတ်မပြောသေးပေမဲ့ ဆာနေးကတော့ မန်ချက်စတာကို ရောက်နေပြီဖြစ်ပြီး မန်စီးတီးကစားသမားအချို့နဲ့တောင် တွေ့ပြီးပြီ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ