EPL: ဝိန်းရွန်နေးအတွက် ဂုဏ်ပြုပွဲ မန်ယူနှင့် အဲဗာတန် ခြေစမ်းကစားမည်

မန်ယူအသင်းကို ရွန်နေးအဲဗာတန် အသင်းကရောက်ရှိလာတာ ၁၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ် ရာသီသစ်မစခင် ခြေစမ်းပွဲစဉ်အဖြစ် မန်ယူနဲ့ အဲဗာတန်အသင်းတို့ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြဦးမှာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ  မန်ယူအသင်းက လူစုံထုတ် မကစားခဲ့ပေမယ့် ဒီပွဲစဉ်မှာတော့ အဲဗာတန်ကစားသမားဟောင်း ရွန်နေးအပါအဝင် ပထမအသင်းကြီးက ကစားသမားတွေအားလုံးနီးပါး လူစုံထုတ်ကစားမယ်လို့ သိရပါတယ်။ မန်ယူအသင်းကို ရွန်နေးရောက်ရှိလာတာ ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပွဲ ကစားပေးတာလည်း ဖြစ်ပါတယ်။

 

လက်ရှိမန်ယူအသင်းခေါင်းဆောင် ရွန်နေးက ၂၀၀၄ ခုနှစ်မှာ အဲဗာတန်အသင်းကနေ မန်ယူကို ပေါင် ၂၇ သန်းနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဒီပွဲစဉ်အတွက် မန်ယူအသင်းမှာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ၊ အမ်ခီတာရန်၊ အဲရစ်ဘေလီ တို့ပါဝင်လာမယ်လို့သိရပါတယ်။

 

ဒီပွဲပြီးရင် မန်ယူအသင်းက လက်စတာနဲ့ ကွန်မြူနတီဒိုင်းကစားရမှာ ဖြစ်ပြီး နောက်တပတ်မှာတော့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာပါ။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ