play

 

အဲဗာတန်အသင်း တိုက်စစ်မှူး လူကာကူကို ချယ်လ်ဆီးအသင်းက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

play

 

ချယ်လ်ဆီးကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ လူကာကူကို ချယ်လ်ဆီးအသင်းက ပေါင်သန်း ၅၀ လောက်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန်အသင်းက လက်မခံခဲ့ပဲ ဒီထက် ပိုလိုချင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် လူကာကူရဲ့ ပြောင်းရွှေ့ကြေးအတွက် ချယ်လ်ဆီး အသင်းဘက်က ပေါင် ၆၅ သန်းလောက် ပေးချေရဖွယ်ရှိနေပါတယ်။

play

 

ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖြစ်မယ်ဆိုရင် ဒီမာရီယာကို ရီးရဲလ်မက်ဒရစ်ထံက မန်ယူခေါ်ယူခဲ့တဲ့ ပေါင်သန်း ၆၀ ဆိုတဲ့ စံချိန်ကို ချိုးဖျက်လိုက်တော့မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လူကာကူကို ခေါ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ မော်ရင်ဟိုလက်ထက်မှာ လူကာကူကို အဲဗာတန် အသင်းထံ ပေါင် ၂၈ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

EPL

Video