EPL: ယနေ့ည မန်ယူ - အဲဗာတန် ပွဲစဉ် ဖေ့စ်ဘွတ်မှ တိုက်ရိုက်ကြည့်နိုင်မည်

အဲဗာတန်ကစားသမားဟောင်းလည်း ဖြစ်တဲ့ ရွန်နေးအတွက် ဂုဏ်ပြုကစားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

play

 

ယနေ့ည ယှဉ်ပြိုင်ကစားကြမယ့် မန်ယူနဲ့ အဲဗာတန်အသင်း ပွဲစဉ်ကို ဖေ့စ်ဘွတ်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ အဲဗာတန် ငယ်မွေးခြံပေါက် ကစားသမားဟောင်း ဖြစ်တဲ့ ရွန်နေးအတွက် မန်ယူကိုရောက်ရှိပြီး ၁၂ နှစ်အကြာမှာ ဂုဏ်ပြုပွဲ ကစားပေးတာ ဖြစ်ပါတယ်။

play

 

ဒါဟာ ပရီးမီးယားလိဂ် အသင်းနှစ်သင်း ကစားတဲ့ပွဲစဉ်ကို ဖေ့စ်ဘွတ်မှာ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ ပွဲအဖြစ် မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါတယ်။ ရွန်နေးရဲ့က ဂုဏ်ပြုခြေစမ်းပွဲကို ဖေ့စ်ဘွတ်ကတဆင့် ထုတ်လွှင့်မှာ ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်း ပရိသတ်ပေါင်း ၁.၇ ဘီလီယံ ကြည့်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။

play

 

ခြေစမ်းပွဲစဉ်ကို အိုးထရက်ဖို့မှာ ကစားကြမှာ ဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့  မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရွန်နေးက မန်ယူအသင်းက ၁၂ နှစ်အတွင်း ပွဲပေါင်း ၅၀၀ ကျော်ကစားကာ ၂၄၅ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။ ဒီပွဲကရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ရွန်နေးဦးဆောင်မယ့်အဖွဲ့က ပြန်လည်လှူဒါန်းမှုတွေ ပြလုပ်ကြမှာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ