EPL: ယခုနှစ်သည် မိမိ ခြေစွမ်းပြသည့်နှစ် ဖြစ်ရမည်ဟု စတာရစ်ခ်ျကြုံးဝါး

ဒဏ်ရာမကြာခဏ ရနေခဲ့တဲ့ စတာရစ်ခ်ျက ဒီနှစ်တော့ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။

play

 

အခုလာမယ့် ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ မိမိခြေစွမ်းပြနိုင်တဲ့ နှစ်တစ်နှစ် ဖြစ်ရမယ်လို့ လီဗာပူးအသင်း ကစားသမား စတာရစ်ခ်ျက ပြောကြားလိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ အမြဲရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူး စတာရစ်ခ်ျဟာ ရာသီတစ်ရာသီလုံး ကြံ့ခိုင်မှု ပြည့်ဝတဲ့နှစ် ရှားပါးခဲ့ပါတယ်။ မိမိလည်း ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာကို ဒီနှဏ်မှာ သက်သေပြခွင့် ရဖို့ အခွင့်အရေးရှိနေပြီလို့ စတာရစ်ခ်ျက ပြောပါတယ်။

play

 

" ခင်ဗျားတို့လည်း ကျွန်တော့်အကြောင်းသိတာပါပဲ။ ကျွန်တော်ကိုယ့်အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါတယ်။ ဒီရာသီတော့ ဘုရားသခင်က ကျွန်တော်နဲ့အတူ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်အောင်လုပ်ပြီး အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေနဲ့ ပေးဆပ်ချင်ပါတယ်" လို့ စတာရစ်ခ်ျက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပေါင်ခြံဒဏ်ရာ၊ တံကောက်ကြောဒဏ်ရာ၊ တင်ပါးဒဏ်ရာနဲ့ ခြေသလုံးကြွက်သားဒဏ်ရာတွေ ရရှိခဲ့ပြီးနောက် အခုရာသီအကြို ခြေစမ်းပွဲစဉ်တွေကတည်းက အသင်းအတွက် ပြန်လည်ပါဝင်နေပြီဖြစ်ပါတယ်။
Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ