EPL: မန်စီးတီးကို ရွေးချယ်ရခြင်းအကြောင်းရင်းကို ဆာနေးဖွင့်ဟ

ရှော်လ်ကေးတောင်ပံတိုက်စစ်မှူး ဆာနေးကို မန်စီးတီးတက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

 

နည်းပြဂွါဒီယိုလာရှိနေတဲ့အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ရှော်လ်ကေး အသင်း ကစားသမား ဆာနေးက ပြောကြားလိုက်ပါတယ်။

 

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဆာနေးဟာ မန်စီးတီးအသင်းထံကို ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတာ ဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်သူ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်းဖြစ်တဲ့ ဂွါဒီယိုလာဟာ မိမိကို ပိုပြီး တိုးတက်ကောင်းမွန်တဲ့ ကစားသမားဖြစ်အောင် လုပ်နိုင်စွမ်းရှိသူလို့ ယုံကြည်တဲ့အတွက် ဒီကိုရောက်လာဖြစ်ကြောင်း ဆာနေးက ပြောပါတယ်။

 

ရှော်လ်ကေးတောင်ပံ တိုက်စစ်ကစားသမား ဆာနေးရဲ့ အပြောင်းအရွှေ့က ပေါင် ၃၇ သန်းသာ ကျသင့်ခဲ့ပေမယ့် မန်စီးတီးရဲ့ အောင်မြင်မှုအလိုက် ပေးချေရဖို့ သဘောတူညီခဲ့တာကြောင့် စုစုပေါင်း ၄၁ သန်းကျော်လောက် ကုန်ကျနိုင်ပါတယ်။ " ဂွါဒီယိုလာက လူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ တော်တဲ့သူဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပြည့်စုံကောင်းမွန်တဲ့ ကစားသမား ဖြစ်လာအောင် လုပ်နိုင်သူပါ" လို့ ဆာနေး က ပြောခဲ့ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ