EPL: ယူနိုက်တက်ဂျာစီဝတ်ပြီး အိုးလ်ထရက်ဖို့ကိုလာအားပေးတဲ့ ရွန်နေးရဲ့သားလေးများ

ကလေးတွေရဲ့မိခင် ကောလင်းကိုလည်း စတိုင်လ်မိမိနဲ့ တွေ့ရပါတယ်။

play

 

ဗုဒ္ဓဟူးညက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူနဲ့အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်ကို ဝန်းရွန်နေးရဲ့ သားလေးသုံးဦးက မန်ယူအသင်းဂျာစီတွေကို ဝတ်ဆင်ကာ ဖခင်ဖြစ်သူကို မိခင်နဲ့လာရောက်အားပေးခဲ့ကြပါတယ်။

play

 

ဝိန်းနဲ့ ကောလင်းတို့မှာ ကိုင် (၆ နှစ်)၊ ကေလေး (၃ နှစ်)နဲ့ ၆လသား ကစ်တို့ကို ပိုင်ဆိုင်ထားပါတယ်။ ကိုင်နဲ့ကေလေးတို့က ဖခင်ရဲ့ပွဲကို လာရောက်ကြည့်ရှုခဲ့ကြဖူးပေမယ့် အငယ်ဆုံးသား ကစ်ကတော့ ယခုမှ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ရောက်ဖူးတာပါ။

play
ဝိန်းက ၅၃ မိနစ်ကြာ ကစားခဲ့ပါတယ်။

play

 

အဲဗာတန်ကစားသမားဟောင်း ရွန်နေး မန်ယူကိုရောက်ရှိပြီး ၁၂ နှစ်အကြာမှာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ခြေစမ်းပွဲကစားတာဖြစ်ပါတယ်။ ပွဲကရတဲ့ အကျိုးအမြတ်တွေကိုတော့ ဝိန်းရွန်နေးဖောင်ဒေးရှင်းကတစ်ဆင့် ပရဟိတအဖွဲ့လေးဖွဲ့ကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

play
မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းတွေဖြစ်တဲ့ ဖာဂူဆန်၊ မိုရက်စ်နဲ့ အင်္ဂလန်နည်းပြသစ် ဆမ် အဲလာဒိုက်စ်တို့လည်း လာရောက်အားပေးတာတွေ့ရပါတယ်။

 

ဒီပွဲမှာ နှစ်ဖက်အသင်း ဂိုးမရှိသရေရလာဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ