EPL: မော်ရင်ဟိုနှင့် ကွန်မြူနတီဒိုင်း စံချိန် အချို့

နည်းပြမော်ရင်ဟိုက ကွန်မြူနတီဒိုင်း ပြိုင်ပွဲတွေမှာ သိပ်တော့ ရလဒ်ကောင်းလေ့မရှိပါဘူး။

play

 

လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းနဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကြမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲရှိပါတယ်။ ဒီနှစ်ဘောလုံးရာသီ မန်ယူအသင်းကို ကိုင်တွယ်ရမယ့် မော်ရင်ဟိုဟာ ယခင်က ချယ်လ်ဆီးနည်းပြအဖြစ်နဲ့ ကွန်မြူနတီဒိုင်းကို လေးကြိမ်တိတိ ယှဉ်ပြိုင်ဖူးပါတယ်။

ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းလေ့ရှိတဲ့ မော်ရင်ဟိုဟာ ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာတော့ ရလဒ်ကောင်းလေ့မရှိပါဘူး။

၁။ အာဆင်နယ် ၁-၀ ချယ်လ်ဆီး (၂၀၁၅)

play

 

မနှစ်က ဘောလုံးရာသီ မစခင် ယှဉ်ပြိုင်ခဲ့တဲ့ပွဲဖြစ်ပြီး အာဆင်နယ်ကစားသမား ချိန်ဘာလိန်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီဘောလုံးရာသီမကုန်ခင် ဒီဇင်ဘာလမှာ မော်ရင်ဟို အထုတ်ခံခဲ့ရပါတယ်။

၂။ မန်ယူ ၁-၁ ချယ်လ်ဆီး (ပင်နယ်တီ၊ မန်ယူ ၃-၀ ချယ်လ်ဆီး) (၂၀၀၇)

play

 

ရိုင်ယန်ဂစ်ရဲ့ ဂိုးကို ချယ်လ်ဆီးကစားသမား မာလူဒါက ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ပင်နယ်တီကစားတဲ့အခါ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးအသင်း အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရာသီမှာလည်း ချယ်လ်ဆီးနဲ့ ရလဒ်တွေမကောင်းခဲ့တဲ့အတွက် မော်ရင်ဟိုနဲ့ ချယ်လ်ဆီး စက်တင်ဘာမှာ လမ်းခွဲခဲ့ရပါတယ်။

၃။ လီဗာပူး ၂-၁ ချယ်လ်ဆီး (၂၀၀၆)

play

 

အဲဒီရာသီတုန်းက ယူကရိန်းတိုက်စစ်မှူး ရှက်ဗ်ချန်ကို ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲထွက်လာတာဖြစ်ပြီး ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာ ရလဒ်သိပ်မဆိုးခဲ့ပေမယ့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံဘွဲ့ကိုတော့ မကာကွယ်နိုင်ခဲ့ပါဘူး။

၎။ အာဆင်နယ် ၁-၂ ချယ်လ်ဆီး (၂၀၀၅)

play

 

မော်ရင်ဟိုအတွက် ပထမဆုံး ကွန်မြူနတီဒိုင်းပြိုင်ပွဲဖြစ်ပြီး ဒရော့ဘာရဲ့ သွင်းဂိုးကြောင့် ချယ်လ်ဆီးနိုင်ပွဲ ရခဲ့တာဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းမှာ မော်ရင်ဟို နိုင်ဖူးတာ ဒီတစ်ပွဲသာ ရှိပါတယ်။ အဲဒီနောက် ရာသီအစ ကိုးပွဲလုံး နိုင်ပွဲရခဲ့ပြီး အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ