EPL: ရှဝိန်းစတိုင်ဂါကို အနိုင်ကျင့်သည့် မော်ရင်ဟိုကို ထောင်ချသင့်ဟု ဝေဖန်ခံရ

်ရှဝိန်းစတိုင်ဂါကို မန်ယူအသင်းကြီးနဲ့ လေ့ကျင့်ခန်း မဆင်းခိုင်းပဲ လူငယ် ယူ-၂၁ အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းခိုင်းထားလို့ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းကစားသမား ရှဝိန်းစတိုင်ဂါအပေါ် နည်းပြမော်ရင်ဟို ပြုလုပ်ထားတဲ့ အပြုအမူဟာ လက်ခံနိုင်စရာ မရှိပဲ အနိုင်ကျင့်တဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြေးစားဘောလုံးသမားများ အဖွဲ့ချုပ်(FifPro) တာဝန်ရှိသူတစ်ဦးက ဝေဖန်လိုက်ပါတယ်။

play

 

မန်ယူအသင်းကို မော်ရင်ဟို စတင်ကိုင်တွယ်ပြီးတဲ့နောက်ပိုင်း ရှဝိန်းစတိုင်ဂါကို အသင်းရဲ့ ယူ-၂၁ လူငယ်ကစားသမားတွေနဲ့သာ ခွဲထွက်လေ့ကျင့်စေတယ်လို့ ဆိုပါတယ်။ မန်ယူအသင်းကြီးစာရင်းကနေ ရှဝိန်းစတိုင်ဂါကို အကြောင်းပြချက်မရှိ ဖယ်ထားတဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်တယ်လို့တောင် ထင်မိကြောင်း FifPro ရဲ့အဖွဲ့ဝင် စတီဖာနိုဗစ်က ဘီဘီစီ သတင်းဌာနကို ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

လာမယ့်ရာသီ မန်ယူအသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့ ခက်ခဲနေပြီဖြစ်တဲ့ ရှဝိန်းစတိုင်ဂါ အနာဂတ်အတွက် မန်ယူအသင်းဘက်ကလည်း ဘာမှ မပြောသေးသလို ကစားသမားဘက်ကလည်း ဘာမှ ထုတ်မပြောသေးပါဘူး။ " ဒါဟာ သက်သက်အနိုင်ကျင့်တယ်ဆိုတာ ရှင်းပါတယ်။ ဆလိုဗေးနီးယားမှာ ဆိုရင်တော့ မော်ရင်ဟိုကို တရားစွဲပြီး ထောင်သုံးနှစ်လောက် ချခိုင်းဖို့ ကျွန်တော်ကြိုးစားမှာပါ" လို့ စတီဖာနိုဗစ်ခ်ျက ဆိုပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ