EPL: ဝက်စ်ဘရွန်းအသင်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင် ဝယ်ယူ

ဝက်စဘရွန်းအသင်းမှာ ဥက္ကဌအပြောင်းအလဲတစ်ခုလည်း ဖြစ်လာပါတယ်။

play

 

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဘရွန်းအသင်းကို တရုတ်အခြေစိုက် စီးပွားရေး လုပ်ငန်းစု တစ်ခုက ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

play

 

တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဂေါင်ချွမ်ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းစု Yunyi Guokai (Shanghai) Sports Development Limited ကို အသင်းရဲ့ ရှယ်ယာ ၈၈ ရာခိုင်နှုန်း ရောင်းချဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ လက်ရှိအသင်း ပိုင်ရှင် ဂျရယ်မီးပီယာ့စ်ရဲ့ နေရာကို ဘလက်ဘန်းအသင်း ဥက္ကဌဟောင်းတစ်ယောက် ဖြစ်တဲ့ ဂျွန်ဝီလျံက အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဝက်စ်ဘရွန်းကို ဝယ်ယူလိုက်တဲ့ လုပ်ငန်းစုရဲ့ ခေါင်းဆောင် ဂေါင်ချွမ်ဟာ တရုတ်မှာတော့ ဘီလျံနာလုပ်ငန်းရှင်းတစ်ဦး ဖြစ်ပါတယ်။

play
တိုနီပူးလစ်က အသင်းနည်းပြအဖြစ် ဆက်ရှိမှာဖြစ်ပါတယ်။

 

ဝက်ဘရွန်း ဒီနှစ်နွေရာသီအတွင်း တရုတ်လုပ်ငန်းစုက ဝယ်ယူလိုက်တဲ့ ဒုတိယမြောက် အလယ်လတ်တန်းစား အင်္ဂလိပ်ဘောလုံးအသင်းလည်း ဖြစ်လာပါတယ်။ " ကျွန်တော့်ရဲ့ အဓိက ဦးစားပေးက လောလောဆယ် ကလပ်အသင်းကို တည်ငြိမ်တဲ့ အခြေအနေတစ်ခု ရောက်သွားစေချင်တာ ဖြစ်ပါတယ်" လို့ အသင်းဥက္ကဌဟောင်းဖြစ်သွားတဲ့ ပိစ်က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ