EPL: ဒုတိယအသင်းခေါင်းဆောင်အဖြစ် အီဗရာဟီမိုဗစ်ခ်ျကို မော်ရင်ဟို တာဝန်ပေးထား

မန်ယူအသင်း ပထမ ၁၁ ယောက်စာရင်းမှာ ရွန်နေးနဲ့ ကာရစ် မပါနိုင်တဲ့အခါ အီဗရာဟီမိုဗစ်ခ်ျက အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရမှာပါ။

play

 

ယခုနှစ်နွေရာသီမှာ မန်ယူအသင်းထံ ရောက်ရှိလာတဲ့ ကစားသမားသစ် အီဗရာဟီမိုဗစ်ခ်ျကို နည်းပြမော်ရင်ဟိုက ဒုတိယအသင်းခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

play

 

ပွဲကစားတဲ့အခါ ကွင်းပေါ်က မန်ယူအသင်း ၁၁ ယောက်စာရင်းမှာ ရွန်နေးနဲ့ ကာရစ်မပါခဲ့ဘူးဆိုရင် အီဗရာဟီမိုဗစ်ခ်ျက အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ပြီးအသင်းကို ညွှန်ကြားဦးဆောင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မန်ယူအသင်းက လူငယ်ကစားသမားတွေကတော့ တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်ခ်ျကို ရိုသေလေးစားကြတယ်လို့ အမည်မဖော်ပြတဲ့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play

 

အီဗရာဟီမိုဗစ်ခ်ျကို မန်ယူအသင်းက တစ်ပတ်လုပ်ခလစာ ပေါင် နှစ်သိန်းနဲ့ ခေါ်ယူစာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အသင်းတစ်သင်းကို ဦးဆောင်နိုင်တဲ့ အတွေ့အကြုံ အီဗရာဟီမိုဗစ်ခ်ျမှာ အများကြီးရှိတယ်လို့ မန်ယူအသင်း အတွင်းလူတစ်ဦးက ပြောကြားခဲ့တာကို The Sun သတင်းစာက ဖော်ပြခဲ့တာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ