EPL: လက်စတာကစားသမားများ သိန်း ၂,၅၀၀ ကျော်တန် ကားတစ်စီးစီ လက်ဆောင်ရ

, updated

လက်စတာအသင်းပိုင်ရှင်က ပရီးမီးယားလိဂ် ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကစားသမားတွေကို ကားလက်ဆောင်ပေးမယ်လို့ ကတိပေး ပြောကြားထားခဲ့ပါတယ်။

play


အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးမှ ကစားသမားများကို အသင်းပိုင်ရှင်က BMW i8 အမျိုးအစား ဇိမ်ခံပြိုင်ကား တစ်စီးစီ လက်ဆောင်ပေးခဲ့ပါတယ်။

play
play



ထိုင်းလူမျိုး လက်စတာအသင်းပိုင်ရှင်က အသစ်စက်စက် အပြာရောင် BMW i8 ဇိမ်ခံပြိုင်ကား ၁၉ စီးကို မှာယူခဲ့ပြီး ကစားသမားတွေကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play
play



လက်စတာ ကစားသမားတွေ လက်ဆောင်ရတဲ့ ၂၀၁၅ မော်ဒယ် BMW i8 ကားတစ်စီးရဲ့ တန်ဖိုးမှာ မြန်မာငွေ သိန်း ၂,၅၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၃၆,၃၅၀) ဖြစ်ပါတယ်။

play


လက်စတာအသင်းပိုင်ရှင်က ပရီးမီးယားလိဂ် ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကစားသမားတွေကို ကားလက်ဆောင်ပေးမယ်လို့ ကတိပေး ပြောကြားထားခဲ့ပါတယ်။

play


လက်စတာအသင်းရဲ့ King Power အားကစားကွင်း အပြင်ဘက်မှာ အပြာရောင် BMW i8 ကားတွေ တန်စီးရပ်ထားတာကို ဗြိတိန်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

play


အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူးခဲ့တဲ့ လက်စတာအသင်းက ကမ္ဘာ့အားကစားလောကမှာ အံ့အားသင့်စရာ မှတ်တမ်းရေထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play
play


လက်စတာအသင်းဟာ ပရီးမီးယားလိဂ် မစတင်မီ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ သြဂုတ်လ ၇ ရက် (တနင်္ဂနွေနေ့) မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ